22 Aug 2019
Digital Marketing နယ်ပယ်ထဲက Social Media Marketing ဟာဆိုရင် သင့်စီးပွားရေးလုပ်ငန်း အတွက် ထိရောက်တဲ့ Marketing နည်းပညာ တစ်မျိုး ဖြစ်လာပါပြီ။ ဒါကြောင့် သင်ဟာ တကယ်လို့ Social Media Marketing ကိုအသုံးချပြီးသင့်ရဲ့ Product ဒါမှမဟုတ် Service ကိုဈေးကွက်ချဲ့ထွင်ဖို့ကြိုးစားနေတဲ့သူဆိုရင် အခုဖော်ပြမယ့် Social Media Marketing Tips တွေကို သိထားသင့်ပါတယ်။
သင့်ရဲ့ Social Media page တွေနဲ့ Website မှာတင်ထားတဲ့ သတင်းအချက်အလက်တွေဟာ တိကျမှန်ကန်နေဖို့လိုပါတယ်။ သင့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အချက်အလက်တွေ ဥပမာ အလုပ်ချိန်၊ တည်နေရာ၊ ဝန်ဆောင်မှု၊ Menu၊ ဆက်သွယ်လို့ရမဲ့ အချက်အလက်တွေကို တိတိကျကျဖော်ပြထားဖို့လိုပါတယ်။ ဒါ့အပြင် သင့်လုပ်ငန်းရဲ့ အမြဲသုံး Logo ကို Profile ထားခြင်းဟာလည်း Audience တွေအနေနဲ့ သင့်ရဲ့လုပ်ငန်းကိုရှာဖွေရာမှာလွယ်ကူစေပါတယ်။
သင့်ရဲ့ Social Media post တွေနဲ့ Website မှာအသုံးပြုတဲ့ Photo တွေကို အရည်အသွေးမြင့်ဖို့လိုပါတယ်။ သင့်ရဲ့ Audience တွေဟာ သင့်ရဲ့ Page ဒါမှမဟုတ် Website ကိုဝင်ရောက်တဲ့အခါ အများကြီးမျော်လင့်ထားတတ်ကျပါတယ်။ Audience တွဟာသူတို့အားပေးတဲ့ လုပ်ငန်းဘယ်လိုလည်ပတ်နေလဲ ဘယ်လိုလုပ်ဆောင်နေလဲဆိုတာတွေသိလိုကြပါတယ်။ဒါကြောင့် သင့်လုပ်ငန်းရဲ့ Activity တွေကိုတင်တဲ့အခါမှာလည်း Smartphone နဲ့ရိုက်ထားတဲ့ပုံဖြစ်နေပါစေ ပုံရဲ့အလင်းအမှောင် နဲ့ ရှုထောင့်တွေကိုသေချာချိန်ညှိုပြီး တင်သင့်ပါတယ်။ဝါးနေတဲ့ မရှင်းမလင်းရိုက်ထားတဲ့ ပုံမျိုးတွေတင်တာမျိူးရှောင်ရှားသင့်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့ Content တွေရေးသားပြီး Audience တွေနဲ့စစ်မှန်တဲ့ရင်းနှီးမှုကိုရယူပါ။ Follower တွေကို Engage, Entertain, Inform ဆိုတဲ့ အချက်သုံးချက်နဲ့ကိုက်ညီအောင် Content တွေကိုရေးသားပါ။ Audience တွေဟာသင့်လုပ်ငန်းနဲ့ပက်သက်တဲ့ Sale post တွေ Promotion Post တွေ ကိုပဲအမြဲမြင်ချင်တာမဟုတ်ပါဘူး။အခြား ဗဟုသုတရဖွယ်ရာ Content Image Video စတာတွေကိုလည်းအလျည်းသင့်သလိုတင်ပေးသင့်ပါတယ်။ Reader တွေအတွက်အရမ်းဖတ်ရခက်ပြီး ပျင်းရိဖွယ်ရှည်လျားတဲ့ Content တွေထက် ဖတ်လိုက်တာနဲ့ Short & Sweet ဖြစ်မဲ့ Content တွေရေးသားဖို့လိုပါတယ်။
သင့်ရဲ့ Audience တွေအားလုံးကိုသင့်ရဲ့ အမာခံ Customer တွေကဲ့သို့သဘောထားပါ။သင်တင်တဲ့ Post တွေမှာပါဝင်တဲ့ အပြောအဆို အသုံးအနှုန်းတွေဟာ သင့်ရဲ့ Customer တွေအပေါ်သက် ရောက်စေပါ တယ်။ ဒါ့အပြင် သင့်ရဲ့ Reply နဲ့ Conversation တွေမှာပြောဆိုတဲ့အသုံးအနှုန်းဟာ သင့်ရဲ့အမြဲတမ်း Customer တွေကိုသုံးနှုန်းနေသလိုမျိုး သတိထားပြောဆိုရပါမယ်။
အခုဖော်ပြထားတဲ့ Tips တွေဟာ အများစုသိကြပေမယ့် မသိတဲ့သူတွေ အခုမှစပြီး Social Media Marketing ကိုအသုံးချမဲ့သူတွေ အတွက်သတိထားလို့ရစေရန်ဖော်ပြပေးလိုက်ပါတယ်။