logo
myanmar
အောင်မြင်တဲ့ Online Marketing Strategy တည်ဆောက်နေချိန် ဆောင်ရန်ရှောင်ရန် အချက်များ

အောင်မြင်တဲ့ Online Marketing Strategy တည်ဆောက်နေချိန် ဆောင်ရန်ရှောင်ရန် အချက်များ

28 May 2019

သင့်လုပ်ငန်းအတွက် Online Marketing Strategy တစ်ခုခုနဲ့ လုပ်ကိုင်ဖို့ ခြေလှမ်းစနေပြီလား? ဒါဆိုရင်တော့ သင့်လုပ်ငန်းအတွက် အောင်မြင်တဲ့ Online Marketing Strategy တစ်ခုရရှိဖို့ဆိုရင်တော့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို သိထားဖို့လိုပါတယ်...

Online Marketing Strategy ဆောင်ရန်အချက်များ

- Plan ကောင်းကောင်း ဖန်တီးခြင်း
သင့်ရဲ့ Online Marketing Plan က အများနဲ့မတူပဲ တမူထူးခြားနေမယ်ဆိုရင်။ Fan တွေနဲ့ Potential Customer အများအပြား သင့်လုပ်ငန်းကို သိရှိလာကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် Plan ဖန်တီးတဲ့ အချိန်မှာ တစ်ဦးထဲဖြစ်ဖြစ်၊ အသင်းအဖွဲ့နဲ့ ဖြစ်ဖြစ် သေချာတိုင်ပင် ညှိနှိုင်းပြီး ဖန်တီးဖို့ အတွက် လိုအပ်ပါတယ်။

- Goal သတ်မှတ်ခြင်း
ဘယ်လုပ်ငန်း အမျိုးအစားမျိုးမဆို အောင်မြင်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ဖို့ဆိုရင် Goal ထားရှိဖို့လိုကို လိုအပ်ပါတယ်။ Online Marketing Expert တွေကလည်း Smart ဖြစ်တဲ့ Goal တစ်ခုထားဖို့ကို အမြဲအကြံပေးကြတာကိုလည်း တွေ့မြင်နိုင်ပါတယ်။

- Consistency ထိန်းပေးပါ
Audience ကို Target ထားတဲ့ Message ဟာဆိုရင် သင့်လုပ်ငန်း Brand နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်ဖို့လိုအပ်ပါတယ်။

- Quality Content တွေ Share ခြင်း
Content ဖန်တီးရာမှာလည်း Audience တွေစိတ်ဝင်စားစေမယ့် အကြောင်းအရာတွေနဲ့ ဖန်တီးထားတဲ့ Quality Content တွေက Engagement ရရှိနိုင်နှုန်း ပိုများတဲ့ အတွက်ကြောင့် Audience ကို Quality Content တွေ Share ပေးပါ။

- Audience Feedback တွေကို ဂရုစိုက်ပါ
သင့်လုပ်ငန်းနဲ့ Audience ကြားက Communication ကိုအမြဲအပျက် စောင့်ကြည့်နေပါ။ Audience တွေကို Question နဲ့ Responding လုပ်ပေးခြင်းကလည်း ခိုင်မာတဲ့ Audience Engagement ကိုရရှိစေပါတယ်။

Online Marketing Strategy ရှောင်ရန်အချက်များ

- အလျင်လိုခြင်း
အခုမှစတင်တဲ့ လုပ်ငန်းတွေဆို Online Marketing Strategy တည်ဆောက်တဲ့ အခါမှာ စိတ်ရှည်ရှည်နဲ့ အချိန်ပေးပြီး တည်ဆောက်ရတာ ဖြစ်တဲ့ အတွက် အလျင်လိုခြင်းကို ရှောင်ဖို့ လိုအပ်ပါတယ်။

- Network တစ်ခုထဲအသုံးပြုခြင်း
Social Media Network တိုင်းမှာ ကိုယ်ပိုင် အားသာချက်နဲ့ အားနည်းချက်တွေ ရှိတဲ့အတွက် Online Media Strategy အသုံးပြုမယ်ဆိုရင် Social Media Network ကို တစ်ခုထဲ အသုံးပြုခြင်းကို ရှောင်ဖို့လိုအပ်ပါတယ်။

- ရိုးသားမှုမရှိခြင်း
Online ပေါ်မှာ Audience တွေက အပြုသဘောမဆောင်ပဲ၊ Negative ဖြစ်တဲ့ အပြုအမှုတွေကို မနှစ်သက်ကြတဲ့ အတွက် Ethic မရှိတဲ့ Online Marketing Strategy တွေပြုလုပ်တာတွေကို ရှောင်ကြဉ်ပါ။

- ကျေးဇူးတင်စကားပြောဖို့ မေ့ခြင်း
သင့်ရဲ့ Content တစ်ခုကို အချိန်ပေးပြီး စိတ်ဝင်တစား ကြည့်ရှုပြီး Sharing လုပ်တဲ့ Audience တွေကို ကျေးဇူးတင်စကား ပြုလုပ်ဖို့ မေ့ခြင်းကိုရှောင်ကြဉ်ပါ။ Audience ကို အလေးမထားတဲ့ အမူအရာ ဖြစ်တဲ့ အတွက် အထူးဂရုပြု သင့်တဲ့ အချက်လည်း ဖြစ်ပါတယ်။

ဒီအချက်တွေက သင့်လုပ်ငန်း အတွက် Online Marketing Strategy တည်ဆောက်တော့မယ် ဆိုရင် သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်တွေဖြစ်တဲ့ အတွက် မိတ်ဆွေတို့ အတွက် အသုံးဝင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Ref - socialmediatoday

Recent posts