24 Jun 2019
ဒီတစ်ခေါက် ဝေမျှပေးသွားမှာကတော့ iOS Devie တွေအတွက် Official iOS 13 မလာခင်မှာ အဆင်ပြေပြေ လွယ်လွယ်ကူကူ သုံးနိုင်မယ့် Dark Mode ပြုလုပ်နည်းကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို သိပြီးသား သူတွေအတွက်က အသုံးမဝင်ပေမဲ့၊ အခုမှ iOS Device တွေကိုဝယ်တဲ့သူ.အခုမှ iOS Device နဲ့ရင်းနီးသူတွေ အတွက်ကတော့ အသုံးဝင်မယ့် နည်းလမ်းလို့တော့ မျှော်လင့်ပါတယ်။ အခုဝေမျှပေးသွား မယ့် Dark Mode က Dark Mode Feature တွေနဲ့ မပြည့်စုံပေမယ့် ရိုးရိုးရှင်းရှင်းနဲ့ အခက်အခဲမရှိ အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ လုပ်ပုံလုပ်နည်းကို မဖော်ပြခင်မှာ Dark Mode ရဲ့ ရည်ရွယ်ချက်ကို အနည်းငယ် ဖော်ပြ သွားပါမယ်။
Dark Mode ကိုဘာလို့ သုံးကြရလဲဆိုရင် နေ့အချိန်တွေမှာ ဖုန်းအသုံးပြုနေရင် Brightness ကို သတိမထားမိပေမယ့် ညဘက်အသုံးပြုနေရင်တော့ ဖုန်းကထွက်လာတဲ့ Brightness က ကြာကြာ သုံးတာပဲဖြစ်ဖြစ်၊ အနီးကပ်သုံးတာပဲ ဖြစ်ဖြစ် မျက်စိကို ထိခိုက်စေပါတယ်။ ဒီထိခိုက်မှုက အစပိုင်းမှာ မသိသာ ပေမယ့် အချိန်ကြာလာရင် စိုးရိမ်စရာ အခြေအနေတွေပါ ဖြစ်လာနိုင်တဲ့ အတွက် Dark Mode ကိုထည့်သွင်း လာတာလို့ ယူဆိနိုင်ပါတယ်။ Dark Mode ဟာဆိုရင် ညဘက်ဖုန်း အသုံးပြုတဲ့ အချိန်မှာ Dark Mode ရဲ့ အမဲရောင် ကာလာက White Screen Brightness ထက်မျက်စိ ထိခိုက်မှုကို ကာကွယ်ပေးပါတယ်။ ဒီ iOS Dark Mode ကတော့ Social Media App တွေဖြစ်တဲ့ Facebook, Instagram, Twitter နဲ့ YouTube အသုံးပြုတဲ့ အချိန်တွေမှာ အဆင်ပြေစေပါတယ်။ Social Media App တွေတင်မကပဲ အခြား App တွေအတွက်လည်း အဆင်ပြေစေတာကို တွေ့ရှိရပါတယ်။
ဒါကြောင့် ရိုးရှင်းလွယ်ကူတဲ့ Dark Mode ကို iOS Device တွေမှာပြုလုပ်နည်း ကိုဝေမျှပေးသွားပါမယ်…
အဆင့် (၁) Setting ကိုသွားပါ
အဆင့် (၂) General ထဲက Accessibility ကိုသွားပါ
အဆင့် (၃) Accessibility ထဲက Accessibility Shortcut မှာ Smart Invert Colors ကိုရွေးပေးပါ
ဒီအချက်တွေကို လုပ်ပြီးသွားပြီးဆိုရင်တော့ Dark Mode ဖွင့်ဖို့အတွက် Home Button ပါတဲ့ Device တွေက Home Button ကိုသုံးချက် နှိပ်ပါ၊ Side Button ပါတဲ့ဖုန်းတွေက Side Button ကို သုံးနှိပ်ပါ။ တစ်ချက်သိထား ရမယ့် အချက်ကတော့ ဒီ iOS Dark Mode ကိုတော့ iOS 11 နဲ့ အထက် Version တွေမှာပဲ အသုံးပြုလို့ ရမှာပဲ ဖြစ်ပါတယ်။