30 Nov 2019
Shorten URL အကြောင်းမပြောခင်မှာ URL ဆိုတာကို အရင်ဖော်ပြပေးပါမယ်။ URL ရဲ့ အရှည်ကောက် ကတော့ Uniform Resource Locator လို့ခေါ်ပြီး Browser တွေရဲ့ Address Bar မှာတွေ့မြင်နိုင်ပါတယ်။ Website တွေမှာရှိတဲ့ Blog Post တွေကို Social Media တွေပေါ်မှာတင်တော့မယ်ဆိုရင် Post နဲ့သက်ဆိုင်တဲ့ URL ကို ယူပြီး တင်ကြပါတယ်။ ဒီလို URL ကိုသုံးကြပြီး တချို့ URL တွေကို Bit.ly, Tinyurl အစရှိတဲ့ Shorten URL လုပ်တဲ့ Website နဲ့ဘာကြောင့် ချုံ့ပြီး အသုံးပြုကြလဲဆိုတဲ့ အကြောင်းအရာနဲ့ Shorten URL လုပ်နည်း အချို့ကို ဝေမျှပေးသွားပါမယ်…
Blog Post တွေကို Social Media တစ်ခုခု အထူးသဖြင့် Facebook တို့မှာ Sharing လုပ်တော့မယ်ဆိုရင် အရမ်းရှည်ပြီး ရှုပ်နေတဲ့ URL ကိုသုံးမလား? တိုတိုရှင်းရှင်း Shorten URL ကိုသုံးမလားဆိုရင် Shorten URL ကိုပဲ ရွေးချယ်တတ်ကြပါတယ်။ တချို့ အရမ်းရှည်နေတဲ့ URL တွေကို သုံးလို့ မရတတ်တဲ့ အချိန်တွေမှာ တိုတဲ့ Shorten URL ကိုသုံးမှ ရတတ်တာကိုတွေ့ရပါတယ်။ Social Media အပြင် Email, Web Pages တွေမှာ လည်းအသုံးပြုမရတဲ့ URL တွေဆိုရင် Shorten URL လုပ်ပြီး အသုံးပြုရတာတွေ ရှိပါတယ်။
Bit.ly ဆိုတဲ့ Website မှာဆိုရင် Shorten URL လုပ်နိုင်ရုံတင်မကပဲ Sign Up လုပ်ထားမယ်ဆိုရင် Shorten URL လုပ်ထားတဲ့ Link ရဲ့ Link Click Data, Geographic Location နဲ့ ဘယ် Webpage က Link ကို Click သွားတာ အစ Tracking လုပ်နိုင်ပါသေးတယ်။ ဒီလို Tracking လုပ်နိုင်ခြင်းက Business Run နေတဲ့ Website တွေအတွက် Audience Data တွေကို စုဆောင်းနိုင်ပြီး၊ Audience Targeting လုပ်တဲ့နေရာမှာလည်း ပိုပြီး အဆင်ပြေစေပါတယ်။
ဒါကြောင့် Bit.ly နဲ့ Shorten URL လုပ်နည်းကို ဖော်ပြပေးသွားပါမယ်…
အဆင့် (၁) Bit.ly ဆိုတဲ့ Website ကိုသွားပါ
အဆင့် (၂) Shorten your link ဆိုတဲ့ Box ထဲကို လိုချင်တဲ့ URL ကို ထည့်ပြီး Shorten လုပ်ပြီးအသုံးပြုနိုင်ပါပြီ။
အောက်ပါပုံမှာ ပြထားတဲ့ URL နဲ့ Shorten URL မှာဘယ် Link က ပိုပြီးရှင်းပြီး အသုံးပြုရ အဆင်ပြေနိုင်မလဲ ဆိုတာကို တွေ့မြင်နိုင်ပါတယ်။