17 Nov 2018
လွန်ခဲ့တဲ့ လအနည်းငယ်အတွင်းမှာ Instagram ဟာ Update အသစ်တစ်ခုကို User တွေဆီကိုထုတ်ပေးဖို့အတွက် ကြိုးပန်းခဲ့ပါတယ်။ ဒီ Update လေးကတော့ User တွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အကန့်အသတ် တစ်ခုပိုင်းခြားလို့ရမယ့် ‘ Usage Insight’ ဆိုတဲ့ Dashboard Function အသစ်လေးပဲဖြစ်ပါတယ်။ ဒီလို Tool လေးတွေကတော့ Digital Platform တွေမှာအရေးပါဝင်တဲ့ ကဏ္ဍတစ်ရပ်ဆိုရင်လည်းမမှားပါဘူး။ Apple နဲ့ Google တို့ကလည်း ဒီလို Usage Tracking လုပ်နိုင်တဲ့ Tools တွေကိုမိတ်ဆက်ပေးခဲ့ကျပြီး User တွေအနေနဲ့ သူတို့ရဲ့ Online အသုံးပြုခဲ့တဲ့ အချိန်တွေကို တိုင်းတာနိုင်ပြီး ကျန်ရှိသေးတဲ့ လုပ်ဆောင်စရာတွေကိုလုပ်ဆောင်နိုင်ဖို့ အတွက် အချိန်အကန့်အသတ် ပိုင်းခြားပြီး Online အသုံးပြုမှုကို အတိုင်းအတာတစ်ခု လုပ်ထားနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် ဒီ Instagram ရဲ့ ‘ Usage Insight’ Dashboard Function လေးကလည်း Instagram User
တွေ အချိန်တွေကို အလွန်အကျွံမသုံးမိအောင် အကန့်အသတ်လုပ်ထားနိုင်စေဖို့ ထုတ်ခဲ့တာလို့ ယူဆလို့ရပါတယ်။ Facebook တို့ Instagram တို့ဟာဆိုရင် ဆယ်ကျော်သက်လူငယ်လေးတွေ အသုံးများတဲ့ Social
Media Platform တွေဖြစ်တဲ့ အတွက်လူငယ်တွေရဲ့ အချိန်တွေကို Online မှာလိုတာထက် ပိုပြီး မကုန်ဆုံးသွားစေချင်တဲ့ ရည်ရွယ်ချက်လည်း ပါဝင်နိုင်ပါတယ်။
ကဲ...ဒီတစ်ခါမှာတော့ Instagram’s Usage Insight အသုံးပြုပုံကိုပါ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
- Instagram Application ထဲကိုဝင်ပြီး မိမိ Account ရဲ့ Profile ကိုသွားပါ။ Profile ကိုရောက်ပြီးဆိုရင်
ညာဘက်အပေါ်ထောင့်မှာ မျဉ်းကြောင်း ၃ ကြောင်းပုံစံနဲ့ Button လေးရှိပါတယ်။ အဲ့ဒီ Button လေးကို နှိပ်လိုက် Your Activity, Nametag, Saved, Discover People ဆိုပြီး Function ၄ မျိုးကိုတွေ့ရပါလိမ့်မယ်။ Your Activity ဆိုတာကိုလေးကိုနှိပ်လိုက်ရင်တော့ Time On Instagram ဆိုပြီး မိမိရဲ့ Using Time
ကို Manage လုပ်နိုင်မှာဖြစ်ပါတယ်။
- Set Daily Reminder မှာတော့ ဘယ်အချိန်မှာ ရပ်မလဲဆိုတာကတော့ မိမိစိတ်တိုင်းကျ ချိန်ထားနိုင်ပါတယ်။
- နောက်ဆုံးတစ်ချက်ကတော့ မိမိချိန်ထားတဲ့ အချိန်ကိုပြန်လည် ပြုပြင်ချိန်ဆဖို့ အတွက်ဆို Set Daily
Reminder ကိုပြန်နှိပ် ပြုပြင်ချိန်ဆနိုင်ပါတယ်။
Ref - socialmediatoday