07 Jul 2015
Remarketing ဟာ PPC (Pay Per Click) Advertising ထက် တစ်ဆင့်မြင့်တဲ့ Online Marketing Model ဖြစ်ပါတယ်။ ROI နဲ့ ချက်ချင်းလက်ငင်းရလာဒ် ကိုအဓိကထားသူတွေအတွက် အထိရောက်ဆုံး Channel တစ်ခုလဲ ဖြစ်ပါတယ်။
သူ့ရဲ့အခြေခံ အလုပ်လုပ်ပုံကတော့ဖြင့် ဥပမာ လူတစ်ယောက်က ကိုယ့်ရဲ့ Online စျေးရောင်းတဲ့ Website ကိုလာလည်တယ်၊ ရောင်းတဲ့ပစ္စည်းတွေကို လိုက်ကြည့်ပြီး ဘာ Action (Email Inquiry, Contact form submissions, Calls; etc.) မှမလုပ်ဘဲ ပြန်ထွက်သွားတယ်။ ကိုယ့်ရဲ့ ရောင်းကုန်အပေါ်မှာ စိတ်ဝင်စားမှု အရိပ်အမြွက် ပြသွားတဲ့သူ့ရဲ့ Personal Data (Browser Cookies) တွေမှတစ်ဆင့် သူဘယ်ဆိုက်တွေသွားသွား ကိုယ့်ရဲ့ကြော်ငြာကို လိုက်ပါပြသခြင်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ ထပ်ကြပ်မခွာလိုက်ပါပြသနေတဲ့ ကြော်ငြာကြောင့် Brand Awareness နဲ့Reminder ဖြစ်စေပြီး ကိုယ့် Website ကို နောက်တစ်ခါပြန်လာလည်တဲ့အထိ (Revisit) (သို့) ကိုယ့်ရဲ့ ရောင်းကုန်ကို ဝယ်တဲ့အထိ (Check Out) (သို့) Sign Up or Download အထိ Parameter တွေ ထားလို့ရတာဟာလဲ Remarketing ရဲ့ အားသာချက်ပါ။
စိတ်မကောင်းစရာက ဂူးဂဲ(လ်)ရဲ့ လက်ရှိ Policy အရ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့စီးပွားရေးပိတ်ဆို့မှု့ခံထားရတဲ့နိုင်ငံတွေ Office of Foreign Assets Control (OFAC) sanctions ကို Pay Par Click Campaign / Remarketing Campaign တွေကျင်းပခွင့် မပေးထားပါဘူး။ မြန်မာနိုင်ငံရဲ့လက်ရှိ နိုင်ငံရေး၊ စီးပွားရေး အရဖြစ်နိုင်ခြေမရှိသေးပေမဲ့ ကမ္ဘာ့စီးပွားရေးပိတ်ဆို့ မှုကင်းလွတ်တဲ့တစ်နေ့မှာ ဆောင်ရွက်နိုင်လာမဲ့ ထိရောက်တဲ့ Marketing Channel ဖြစ်ပါတယ်။ Pay Par Click Marketing အကြောင်းကို ဒီလင့်(ခ်)မှာ ဖတ်ရှုနိုင်ပါတယ်။
Remarketing ရဲ့ အလုပ်လုပ်ပုံကို အောက်ပါ Infographic မှာ လေ့လာပါ။
Courtesy of: Digitrio