05 Jul 2018
အခုဖော်ပြချင်တဲ့အချက်တွေက iPhone စဝယ်လာတဲ့ User တွေနဲ့ လက်ရှိသုံးနေတဲ့ User တွေ သတိမပြုမိတဲ့ Setting လေးအချို့ကို ဖော်ပြသွားပေးမှာဖြစ်ပါတယ်…….
AssistiveTouch (Easy Touch) လေးမပေါ်နေရင်ဘယ်လိုပေါ်လာအောင်လုပ်မလဲ? ဘယ်လိုပေါ်လာအောင်လုပ်မလဲဆိုတော့ Setting ထဲက General ဆိုတာထဲကိုဝင်လိုက်ပါ။ Generalထဲမှာမှ Accessibilityထဲကိုဝင်ပါ၊ Accessibility ထဲက AssistiveTouch ဆိုတာလေး On ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင် Appတစ်ခုထဲကထွက်ချင်ပြီဆိုရင် Home Button တွေ Side Button တွေကိုနှိပ်နေစရာမလိုတော့ပါဘူး။ အဲ့ဒီ
AssistiveTouch လေးကို Shortcut နဲ့ ဖော်ချင်ဖျောက်ချင်တယ်ဆိုရင်
Setting> General> Accessibility
ထဲက
Accessibility Shortcut မှာ AssistiveTouch ဆိုတာကိုရွေးထားလိုက်မယ်ဆို Home Button (Or) Side Button ကိုသုံးချက်နှိပ်လိုက်ရင် AssistiveTouch လေးကို ဖော်ခြင်းဖျောက်ခြင်းများပြုလုပ်နိုင်ပါပြီ။ AssistiveTouch အစားအခြား Function တွေကိုလည်းအသုံးပြုနိုင်ပါတယ်။
Control Center မှာ လိုအပ်တဲ့ Apps တွေထပ်ထည့်ချင်ပါသလား။ ဥပမာ - Control Center မှာ Screen Recording, Low Power Mode, Alarm, Note အစရှိတဲ့ Apps တွေကိုထည့်သွင်းတာကိုပြောတာပါ။ အဲ့ဒီလိုပြုလုပ်နိုင်ချင်တယ်ဆိုရင် Setting ထဲမှာ Control Center ဆိုတာရှိပါတယ်၊ ထို ControlCenter ထဲမှာ Access Within Apps ဆိုတာကို On ထားပါ၊ Customize Controls ထဲဝင်ပြီး သင်ဖြုတ်ချင်တဲ့ Apps တွေကိုဖြုတ်ပြီး ထည့်ချင်တဲ့ Apps တွေကိုထည့်ထားနိုင်ပါတယ်။ ဒီတစ်ချက်က အချိန်ကုန်သက်သာစေပါတယ်။
iPhone အသစ်ဝယ်လာတဲ့အခါမှာ တစ်ချို့ Setting တွေက ပွင့်နေတတ်ပါတယ်။ ဘယ်လိုအချက်တွေလဲဆိုတော့ Home Button (Or) Side Button ကိုမနှိပ်ပဲ Screen ပွင့်ပွင့်လာတာပဲဖြစ်ပါတယ်။ အဲ့ဒီလိုပွင့်နေတာတွေကိုမကြိုက်တဲ့ User တွေအတွက်ဒီအချက်လေးတွေကို အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။ Screen ကိုHome Button (Or) Side Button မနှိပ်ပဲမပွင့်စေချင်ရင် Setting ရဲ့ Display & Brightness ထဲက Raise
To Wake ကို ပိတ်ထားပေးလိုက်ပါ၊ ဒါဆိုရင်သင့်ဖုန်းကို ယူလိုက်ပြီး မျက်နာဘက်မူလိုက်ရင် Screen ဖွင့်လာတာ မဖြစ်တော့ပါဘူး။ နောက်တစ်ချက်က Setting>General>Accessibility ထဲက Tap To Wake ကို ပိတ်လိုက်ပါ၊ ဒါဆိုရင် သင့်ဖုန်း Screen ကိုထိလိုက်ရင် Screen မပွင့်လာတော့ပါဘူး။ ဒီအချက်လေးတွေက Screen ကို Home Button (Or) Side Button ကိုနှိပ်မှပွင့်စေချင်တဲ့ User တွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
iPhone 6s နဲ့ နောက်ထွက်ဖုန်းတွေမှာပါလာတဲ့ 3D Touch ကိုဘယ်လိုသွားဖျောက်မလဲ? ဒီ 3D Touch ကို ဖျောက်ခြင်း မဖျောက်ခြင်းဟာ ဘာမှကြီးကြီးမားမားပြောင်းလဲမှုမဖြစ်ပေမဲ့။ ဒီအချက်ကတော့ အထူးသဖြင့် iMessage အသုံးပြုတဲ့ User တွေပေါ့ Message တွေ ကို Effectတွေ နဲ့ပို့ချင်တဲ့ အခါ Send Button ကိုဖိထားရပါတယ် အဲ့လိုအချိန်မှာ 3D Touch ဝင်သွားရင် Effect နဲ့ ပို့လို့မရတတ်ပါဘူး၊ ဒီအချက်က Send Button ကိုအားလေးနည်းနည်းသုံးပြီးဖိထားရတတ်ပါတယ်။ ဒီတော့
3D Touch ကိုမဖွင့်ထားရင် အားစိုက်ပြီးဖိစရာမလိုတော့ပါဘူး Effect နဲ့ Message ပို့တဲ့အချိန်မှာ။ ဒီတော့
3D Touch ပိတ်ချင်တဲ့ User တွေအတွက် Setting>General>Accessibility ထဲက 3D Touch လေးကိုပိတ်လိုက်ရင်ရပါပြီ။
ဒီအချက်လေးတွေဟာ တစ်ခါတစ်ရံမှာသတိမထားမိဖြစ်နေတတ်ကျပါတယ်။ Setting တွေအများကြီးရှိပေမဲ့ဒီအချက်လေးတွေကို သတိထားမိစေချင်လို့ Sharing လုပ်ရခြင်းဖြစ်ပါတယ်။