30 Jun 2019
မိတ်ဆွေ သင်ရဲ့ စီးပွားရေးလုပ်ငန်းအတွက် Website တစ်ခုတည်ဆောက်ပြီး Search Engine ပေါ်မှာ အောင်မြင်မှုရရှိဖို့အတွက် ကြိုးပမ်းနေသူလား? SEO, PPC Keyword တွေရှာဖို့ အတွက် ခေါင်းစားနေရသူလား? ဒီလို အကျပ်ရိုက်နေတဲ့သူတွေ အတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်မယ့် Free Keyword Research Tool (၃) ခုကို ဖော်ပြပေးသွားပါမယ်…
Rank Tracker
ဒီ Tool ကတော့ SEO Keyword တွေကိုအဆင်ပြေပြေရှာဖွေနိုင်ပြီး Keyword တွေကိုလည်း အကောင်းဆုံး Analyze လုပ်နိုင်တဲ့ Tool ဖြစ်ပါတယ်။ Rank Tracker မှာ Feature စုံလင်တဲ့ Paid-Version တွေရှိသလို၊ Free Version ပဲသုံးမယ်ဆိုတဲ့ သူတွေအတွက်က Keyword Research ကိုတော့ ၁၀၀% အဆင်ပြေစေတဲ့ Tool တစ်ခုဖြစ်ပါတယ်။
Google Search Console
Google Search Console ကတော့ လက်ရှိ SEO Keyword တွေရဲ့ Google Position, Impression နဲ့ CTR တွေကို အကောင်းဆုံး Analyze လုပ်နိုင်တဲ့ Tool တစ်ခုဖြစ်ပါတယ်။ Free Version ဖြစ်တဲ့ အတွက် မိတ်ဆွေတို့ရဲ့ Keyword Research အပေါ်မှာ အထောက်အကူ ကောင်းကောင်းပြုပေးနိုင်ပါတယ်။
Google Ads Keyword Planner
ဒီ Tool ဟာဆိုရင် မိတ်ဆွေတို့လုပ်ငန်းအတွက် SEO, PPC မှာ Target လုပ်နိုင်မယ့် Keyword တွေကို မိတ်ဆွေတို့ အကောင်းဆုံး ဆုံးဖြတ်ပြီးရွေးချယ်သွား နိုင်အောင် အထောက်အကူ ပေးနိုင်ပါတယ်။ Search Engine Marketing Campaign တစ်ခုစတော့မယ်ဆိုရင် ကိုယ်လုပ်ငန်းအတွက် အသုံးပြုမယ့် Keyword က SEO Result ကောင်းနိုင်ချေရှိတဲ့ Keyword တွေကို Research လုပ်ပေးဖို့လိုအပ်တဲ့ အတွက် ဒီ Tool ကလည်း မိတ်ဆွေတို့ အတွက် အထောက်အကူပေးမယ့် Tool တစ်ခုဖြစ်ပါတယ်။
စီးပွားရေးလုပ်ငန်းတွေကို Website တည်ဆောက်ပြီး Search Engine Marketing Campaign တွေနဲ့ပါ လုပ်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတဲ့ သူတွေအတွက် ဒီ Keyword Research Tool တွေက အကောင်းဆုံး ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။