28 Aug 2019
Android User တွေစောင့်မျှော်နေတဲ့ အရာတစ်ခုကိုတော့ Facebook က လုပ်ပေးလိုက်ပါပြီ။ ဒါကဘာလဲဆိုရင် 3D Photo တွေကို Android တွေမှာ တင်ချင်ရင် Facebook In-App အနေနဲ့ မရှိခဲ့ပါဘူး Android Device တွေမှာ 3D Photo တင်ချင်ရင် အခြား Third-Party App တွေ Website တွေမှာ သွားပြီး 3D Photo လုပ်ရပါတယ်။ အဲ့ဒီကနေ တဆင့် File တွေ Upload လုပ် အဆင့်တွေ အများကြီး လုပ်နေရတဲ့ အတွက် အချိန်ပြီး အလုပ်စေပါတယ် Facebook မှာ 3D Photo Post တင်ဖို့ အတွက် အဆင့်တော်တော်များများနဲ့ လုပ်နေရပါတယ်။ အချိန်ရှိတဲ့ User တစ်ယောက်အတွက်က 3D Photo တင်ဖို့က အဆင့်တော်တော်များများ လုပ်နိုင်ပေမယ့် အချိန်မရှိတဲ့ User တစ်ယောက်အတွက်တော့ 3D Photo အတွက် အချိန်ပေးပြီး လုပ်နေဖို့ အချိန် အခက်အခဲ ရှိနိုင်ပါတယ်။
iOS User တွေအတွက်က အရင်ထွက်ခဲ့တဲ့ Feature ဖြစ်တဲ့အတွက် သိပ်ပြီးစိမ်းနေမှာ မဟုတ်ပါဘူး။ ကဲ Android Device တွေမှာ 3D Photo တင်ဖို့ အတွက်ဆိုရင် အရင်ဆုံး Portrait Mode နဲ့ ရိုက်ဖို့တော့ လိုပါတယ်။ အဲ့ဒီ Portrait Mode နဲ့ ရိုက်ထားတဲ့ ပုံကို Post Upload တင်တဲ့ နေရာမှာ Option တွေရွေးလို့ ရတဲ့နေရာမှာ GIF, Camera တို့ရဲ့ အောက်နားမှာ 3D ဆိုတဲ့ Option တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲ့ဒီ Option ထဲကိုဝင်လိုက်မယ်ဆိုရင် 3D Photo တင်လို့ရမယ့် ပုံတွေကို တွေ့ရမှာပါ။ ဒီအဆင့်ရောက်ပြီ ဆိုရင် သင်ကြိုက်တဲ့ ပုံကို 3D Photo အနေနဲ့ တင်လို့ရပါပြီ။ ဒီ 3D Photo ကို အသုံးပြုနိုင်မယ့် Android Device တွေကတော့ Samsung Galaxy Note 8, Note 9, S9+, all S10 models, Galaxy Fold Pixel, Pixel XL, Pixel 2, Pixel 2 XL, Pixel 3, Pixel 3 XL တို့မှာ သုံးနိုင်ပါတယ်။ iOS တွေမှာလည်း Model အကုန်မှာ Support ပေးတာမဟုတ်ပါဘူး iPhone 7+, 8+, X, XS, XS Max တို့မှာသာ အသုံးပြုရမှာ ဖြစ်ပါတယ်။ 3D Photo Post တွေတင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။