23 May 2021
Social Media ကအမြဲတမ်း Update တွေနဲ့ ပြောင်းလဲနေတာကိုတွေ့ရပါတယ်။ ဒီလိုပဲ Social Media ပေါ်မှာအသုံးပြုမယ့် Content တွေကလည်း Trend အလိုက်ပြောင်းလဲနေတာလည်း ရှိပါတယ်။ Trend ဖြစ်လာတဲ့ အရာတစ်ခုကို ကြည့်မယ်ဆိုရင် Stories တွေကို ကြည့်လို့ရပါတယ်။ Stories စပေါ်တုန်းက လူစိတ်ဝင်စားခြင်း သိပ်မရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ Stories တွေကို တော်တော်များများ လုပ်ငန်းအတွက် အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ဒီလိုပဲ Content Type တွေကလည်း အသစ်အသစ်ပုံစံတွေနဲ့ ပြောင်းလဲနေတာ ဖြစ်တဲ့အတွက် အမြဲစောင့်ကြည့်နေသင့်တဲ့ Social Media Content Type တွေကို ဖော်ပြပေးချင်ပါတယ်…
ပထမဆုံးပုံစံတစ်မျိုးကတော့ Location အသားပေး Content Type ပဲဖြစ်ပါတယ်။ ဒီပုံစံကတော့ Location ကိုအခြေခံပြီး ဖန်တီးထားတဲ့ Content ဖြစ်တဲ့အတွက် Targeted Audience ကိုပိုပြီး ဖမ်းစားနိုင်ပါတယ်။ Local Event တွေ Promotion တွေအတွက်ဆိုရင် ဒီ Content Type ကအသုံးပြုသင့်တဲ့ ပုံစံတစ်မျိုး ဖြစ်ပါတယ်။
နောက်တစ်မျိုးက User activity တွေကို အခြေခံပြီး ဖန်တီးတဲ့ Content Type ပဲဖြစ်ပါတယ်။ User တွေလုပ်ဆောင်သွားတဲ့ အချက်တွေ၊ Comment တွေ Review တွေကို ပြန်လည်သုံးသပ်ပြီး ဖန်တီးတဲ့ Content တွေက User တွေကိုပြန်ပြီး ဆွဲဆောင်နိုင်တာကို တွေ့မြင်ရပါတယ်။ ဒီပုံစံက User တွေအပေါ်ကို အလေးထားတဲ့ပုံစံလည်း သက်ရောက်တဲ့အတွက် သင့်လုပ်ငန်းအတွက် ဒီ Content Type ကိုလည်းရွေးချယ် အသုံးပြုနိုင်ပါတယ်။
Ephemeral Content တွေက အချိန်ကာလ တစ်ခုအထိ ပျောက်ကွယ်သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ Audience Engagement ကိုအကောင်းဆုံး ဖမ်းစားနိုင်နေတဲ့ Content Type တစ်မျိုးဖြစ်လာခဲ့ပါတယ်။ Engagement Boost ဖို့အတွက်ဆိုရင်လည်း ဒီ Content Type က သုံးသင့်တဲ့ ပုံစံတစ်မျိုးထဲမှာ ပါဝင်ပါတယ်။
ဒီ Content Type တွေက အမြဲစောင့်ကြည့်နေသင့်တဲ့ Social Media Content Type တွေဖြစ်ပါတယ်။ မိတ်ဆွေတို့ကော ဘယ် Content Type နှစ်သက်လည်း ရွေးချယ်သွားနိုင်ပါတယ်။