10 Jun 2020
နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Facebook ရဲ့ Messaging App မှာ စီးပွားရေးလုပ်ငန်း တွေအတွက် ပိုပြီးအသုံးဝင်လာစေမယ့် Option တစ်ခုကိုထပ်မံပြုလုပ်ထားပါတယ်။ ဒီထပ်မံထည့်သွင်းလိုက်တဲ့ အရာကတော့ Facebook Messenger မှာ Personal Account နဲ့ Business Account တွေကို လွယ်ကူစွာ Switch လုပ်နိုင်တဲ့ Option သစ်ပဲဖြစ်ပါတယ်။ ဒီအချက်ကို လုပ်လိုက်ရတဲ့ ရည်ရွယ်ချက်ကို ပြောရမယ်ဆိုရင် Page Messenger အတွက်ပိုပြီး Response Time တွေမြန်လာစေလိုတဲ့ ရည်ရွယ်ချက်လို့ ယူဆနိုင်ပါတယ်။
Facebook နဲ့ပတ်သတ်တဲ့ Business တွေကို Mage ကောင်းကောင်းလုပ်နိုင်ချင်ရင် Facebook Page Manager နဲ့ Creator Studio အစရှိတဲ့ Tools အသစ်တွေမှာလည်း လုပ်ကိုင်လို့ရပါတယ်။ Facebook Page Messaging နဲ့ပတ်သတ်တဲ့ အရာတွေကိုတော့ အခုအသစ်ထည့်သွင်းလိုက်တဲ့ Switching Option ကြောင့်အရင်ကလို ခက်ခက်ခဲခဲ ရှာဖွေစရာ သိပ်လိုတော့ မှာမဟုတ်ပါဘူး။ ဒီ Option ကိုတော့ iOS Device တွေမှာ အသုံးပြုလို့ရနေပါပြီ။ Android Device တွေအတွက်လည်း မကြာခင်မှာ ထွက်ရှိလာတော့မှာပါ။ Switching Option ရဲ့ပုံစံကို အောက်ပါပုံမှာ ကြည့်ရှုနိုင်ပါတယ်။