logo
myanmar
User တွေအတွက်ပိုပြီးအသုံးပြုရတွင်ကျယ်လာစေဖို့ပြုလုပ်ခဲ့တဲ့ TikTok

User တွေအတွက်ပိုပြီးအသုံးပြုရတွင်ကျယ်လာစေဖို့ပြုလုပ်ခဲ့တဲ့ TikTok

29 Apr 2020

Covid 19 ကာလမှာ Social Distancing အတွက်ပိုပြီး အသုံးဝင်လာစေဖို့အတွက် နာမည်ကြီး Video Creation & Sharing App တစ်ခုဖြစ်တဲ့ TikTok ဟာ Development အသစ်တွေထပ်မံပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ TikTop ကို PC Platform တွေကနေ လွယ်လွယ်ကူကူအသုံးပြုလာနိုင်စေဖို့အတွက် Website ကိုဝင်နိုင်ဖို့ Login Option အသစ်၊ PC တွေမှတဆင့် TikTok Video တွေ Upload လုပ်နိုင်မယ့် Feature၊ ကိုယ့်ရဲ့ TikTok Account ကို PC(Desktop) မှတဆင့် အကောင်းဆုံး Analytic လုပ်နိုင်မယ့် Feature တို့ပဲ ဖြစ်ပါတယ်။


Login Option အနေနဲ့ကတော့ Website မှာ Login တစ်ခါဝင်ထားရုံနဲ့ Basic Account Access ရရှိမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ ကိုယ့်ရဲ့ PC မှာ TikTok Video တွေ Content တွေကို Step နည်းနည်းနဲ့ လွယ်ကူစွာ Create လုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်ရဲ့ UI ကိုတော့ အောက်ပါပုံမှာ လေ့လာကြည့်ရှုနိုင်ပါတယ်…


TikTok Analytics Feature ကတော့ ကိုယ် Create လုပ်ထားတဲ့ TikTok Video တွေရဲ့ Quality နဲ့ Performance တွေကို စနစ်တကျ Analytics လုပ်သွားနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီအချက်ကတော့ Personal အသုံးပြုနေတဲ့ Account တွေထက် Business အတွက် ရည်ရွယ်ထားတဲ့ Account တွေအတွက် ပိုပြီး အသုံးဝင်စေမယ့် Feature တစ်ခုလို့ ပြောလို့ရပါတယ်။ ဒီ Feature ကိုအသုံးပြုနိုင်ဖို့အတွက်ဆိုရင်တော့ Pro Account ဖြစ်ဖို့လိုပါတယ်။ TikTok Analytics ရဲ့ UI ကိုတော့ အောက်ပါပုံမှာ ကြည့်ရှုလေ့လာနိုင်ပါတယ်…


ဒီ Feature တွေက TikTok Video တွေ Create လုပ်ရတာနှစ်သက်တဲ့ သူတွေအတွက် သုံးရပြုရတာ ပိုကောင်းလာစေမယ့် Feature တွေလို့လည်း မြင်မိပါတယ်။ ဒီအကြောင်းအရာကို ကိုယ့်ရဲ့ TikTok Favorite သူငယ်တွေဆီကို လက်ဆင့်ကမ်းဝေမျှနိုင်ပါတယ်။


Recent posts