23 Apr 2021
ဒီတစ်ခေါက်မှာတော့ Facebook က User တွေအတွက် ထပ်မံပြီး Feature အသစ်တွေကို ထည့်သွင်းလာပါတယ်။ အရင်အချိန်တွေမှာ Post တွေ Ad တွေကိုသာ Schedule သတ်မှတ်ထားနိုင်ခဲ့ပါတယ်။
ယခုထပ်မံထည့်သွင်းလာတဲ့ Feature အသစ်တွေကတော့ Stories တွေကို Schedule လုပ်လာနိုင်ခြင်း၊ Ad အသစ်တို့ပဲ ဖြစ်ပါတယ်။ ဒီ Feature တွေကိုတော့ အသစ်ထပ်မံ ထွက်ရှိထားတဲ့ Mobile အတွက် Business Suit နဲ့ PC အတွက် Creator Studio တို့မှာ Manage လုပ်ပြီး အသုံးပြုသွားနိုင်မှာ ဖြစ်ပါတယ်။
Stories မှာ Business လုပ်ငန်းတွေအတွက် အသုံးပြုနေတဲ့ လုပ်ငန်းတွေအနေနဲ့လည်း လုပ်ငန်းခွင်အချိန်ပြင်မှာ Post တင်ရမယ့် အခါမျိုးတွေမှာ Stories တွေကို Schedule လုပ်ထားနိုင်မှာပါပဲ ဖြစ်ပါတယ်။
Ad အသစ်အနေနဲ့လည်း ‘Conversation Leads’ မှာဆိုရင်လည်း Optimize ကောင်းကောင်းလုပ်နိုင်စေမယ့် Function တွေပါလာတာကိုတွေ့ရပါတယ်။ ‘Call Ads’ အသစ် အနေနဲ့လည်း ‘Call Now’ ဆိုတဲ့ CTA ကို Ad တွေမှာ ထည့်သွင်း အသုံးပြုနိုင်လာပါတယ်။
ဒီ Feature အသစ်တွေက Marketer တွေနဲ့ Business Run နေတဲ့ သူတွေအတွက်တော့ အသုံးပြုရတာ ပိုပြီး အသုံးတည့် လာစေမယ့် Feature တွေလည်း ပြောနိုင်ပါတယ်။