15 Oct 2019
နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင် အမြဲတမ်းလိုလို User တွေပိုပြီး သုံးရတာ အဆင်ပြေလာစေဖို့နဲ့ ပိုပြီးမိုက်လာစေဖို့ အသစ်အသစ်သော Update တွေကို အမြဲတမ်း ပြုလုပ်ပေးလေ့ရှိပါတယ်။ ဥပမာတွေအနေနဲ့ကတော့ အရင်က ပြုလုပ်ပေးခဲ့တဲ့ Update တွေကတော့ Colored Background Text Effect တွေကို ၂၀၁၆ ခုနှစ်မှာ Update လုပ်ပေးခဲ့ပါတယ်၊ Comment တွေအတွက် Colored Text နဲ့ Background ကို ၂၀၁၇ ခုနှစ်မှာ စမ်းသပ်ခဲ့ပါတယ်၊ Profile, Cover တွေအတွက် Video နဲ့ 360 Option ကို ပြီးခဲ့တဲ့ နှစ်မှာ Update လုပ်ပေးခဲ့ပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် Facebook ဟာ User တွေကိုဆွဲဆောင်မှုနဲ့ Engagement အတွက်ကို အမြဲတမ်း စမ်းသပ်မှုတွေကို ပြုလုပ်လျက်ရှိပါတယ်။
ယခု အချိန်မှာဆိုရင်လည်း Visual Consideration ကို ပိုပြီး အားစိုက်ချင်ပုံရတဲ့ စမ်းသပ်မှုမျိုးကိုလည်း ထပ်မံ ပြုလုပ်နေပါတယ်။ Post တင်တဲ့နေရာမှာ Photo Layout ပုံစံအသစ်ကို စမ်းသပ်နေတာပဲ ဖြစ်ပါတယ်။ Social Network ပေါ်မှာ တစ်မူထူးခြားတဲ့ Photo Layout ပုံစံကို ဆန်းသစ်တဲ့ တီထွင်မှုမျိုးနဲ့ ပြုလုပ်ထားတယ်လို့လည်း ယူဆနိုင်ပါတယ်။ ဒီပုံစံအသစ်ကတော့ Post တစ်ခုမှာ Photo များစွာကို တစ်ပြိုင်ထဲ မြင်ရတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ပိုပြီး မြင်သာအောင် ပြောရမယ်ဆိုရင် Post မှာပါတဲ့ Photo တွေအားလုံးကို Photo Grid ပုံစံမျိုးအနေနဲ့ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒီအချက်က User တွေအတွက်လည်း အသစ်အဆန်းပုံစံ ဖြစ်ပြီး Visual ဦးစားပေးလုပ်ငန်းတွေအတွက်လည်း ကောင်းမွန်တဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီစမ်းသပ်နေတဲ့ Photo Layout ကိုကြည့်ရှုလိုသူတွေအတွက် Reverse Engineering Expert တစ်ဦးဖြစ်တဲ့ Jane Manchun Wong ရဲ့ Twitter စာမျက်နှာပေါ်မှာတင်ထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။