04 May 2021
WhatsApp User တွေအတွက် Update အသစ်ကတော့ အသေးစားပြောင်းလဲမှုလေးတစ်ခုလို့ဆိုနိုင်ပေမယ့် WhatsApp မှာ Image တွေ Video တွေကိုယခင်ထက် ပိုပြီး Size ကြီးကြီးမြင်ရတော့မှာဖြစ်ပါတယ်။မြင်ကွင်းကယခင်ထက်ပိုကျယ်လာပြီး Group ပုံတွေရိုက်တဲ့အခါ မှာလည်း လူကျန်ခဲ့တော့မှာမဟုတ်ပါဘူး ။ ဒါဟာ ပြုံးဖို့အတွက်အကောင်းဆုံးအကြောင်းပြချက်တစ်ခုပါပဲ။
WhatsApp ဟာ ကျွန်တော်အကြိုက်ဆုံး Messaging Platform တွေထဲကတစ်ခုဖြစ်ပြီး Image Visual တွေကိုရှင်းရှင်းလင်းလင်း ကျယ်ကျယ်ပြန့်ပြန့်ပြသလာနိုင်တဲ့အတွက် ဒါဟာကောင်းမွန်တဲ့ Update တစ်ခုဖြစ်ပါတယ်။ WhatsApp က Business User တွေရဲ့ အသုံးပြုမှုကိုဆက်လက်တိုးချဲ့နေတဲ့အတွက်စီးပွားရေးအတွက်အသုံးပြုသူတွေအတွက်ဒီ Update ဟာ Message အကြောင်းအရာတွေထဲမှာ Image တွေကိုပြသဖို့ပိုလွယ်ကူစေမှာဖြစ်ပါတယ်။
ဒီ Update ဟာ Twitter ရဲ့လက်ရှိစမ်းသပ်မှုနှင့်ဆင်တူနေပြီး Message ပေးပို့မှုများကို အမြင့်ဆုံးဖြစ်စေရန်နှင့်ပိုမိုကောင်းမွန်တဲ့ Response ရစေမယ့် Image များကိုဝေမျှရန်ပိုမိုလွယ်ကူစေမဲ့ WhatsApp ရဲ့ Update အသေးစားတစ်ခုပဲဖြစ်ပါတယ်။