06 Jan 2021
ဒီတစ်ခေါက်မှာတော့ ၂၀၂၁ အကောင်းဆုံးလို့ပြောလို့ရတဲ့ Animated Photo App များကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာ Stay Photo တွေထက် Animated Photo တွေကပိုပြီး Engagement ကောင်းတာကို တွေ့ရပါတယ်။ ဒါကြောင့် မိတ်ဆွေတို့တွေအတွက်လည်း ကိုယ်ရဲ့ Photo တွေကို Idea အသစ်အဆန်းလေးတွေနဲ့ Animated Photo လေးတွေ ဆန်းပြီး လုပ်ကြည့်နိုင်ဖို့အတွက် ဒီ ၂၀၂၁ အတွက် အကောင်းဆုံး Animated Photo App လေးတွေကို ဖော်ပြပေးတာဖြစ်ပါတယ်…
Pixaloop
ဒီ App ကတော့ Animated Photo လုပ်ဖို့ အကောင်းဆုံး App တစ်ခုထဲမှာပါဝင်ပါတယ်။ Google Play Store နဲ့ App Store တို့မှာ Download ရယူပြီး အသုံးပြုနိုင်ပါတယ်။ Animated Filter တွေများစွာပါဝင်ပြီး Feature ကောင်းတွေလည်း တော်တော်များများ ပါဝင်တာကိုလည်း တွေ့မြင်နိုင်ပါတယ်။ ဒီ App ကိုအသုံးပြုပြီး ဆန်းသစ်တဲ့ Idea တွေနဲ့ပေါင်းစပ်လိုက်မယ်ဆိုရင် Animated Photo ကောင်းကောင်းတစ်ခု ထွက်လာမှာ အသေချာပါပဲ။
ImgPlay
ဒီ App ဟာဆိုရင်လည်း Photo တွေ Video တွေကို GIFs ကောင်းကောင်းလုပ်နိုင်တဲ့ App တစ်ခုလည်း ဖြစ်ပါတယ်။ ImgPlay ရဲ့လူကြိုက်များတဲ့အချက်ကတော့ UI ကရှင်းရှင်းလင်းလင်းနဲ့ အသုံးဝင်တဲ့ Feature တွေကို စနစ်တကျထားထားတာပဲ ဖြစ်ပါတယ်။ ဒီ App ကို Android နဲ့ iOS Device တွေမှာ အသုံးပြုနိုင်ပါတယ်။ Android App တွေထဲမှာလည်း အကောင်းဆုံး Animated Photo App အဖြစ်လည်း ရပ်တည်နေပါတယ်။
Movepic
Live Photos, Live Wallpaper နဲ့ GIF တွေကို ဖုန်းတစ်လုံးရှိရုံနဲ့ ကောင်းကောင်းဖန်တီး လုပ်နိုင်မယ့် App တစ်ခုကို ဖော်ပြပါဆိုရင် Movepic လို့ပြောနိုင်ပါတယ်။ Animated Photo လုပ်နိုင်တဲ့ Feature တွေ၊ Effect တွေ၊ Filter တွေလည်း အများအပြားပါဝင်တဲ့ App တစ်ခုဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ App တွေကတော့ ၂၀၂၁ အတွက် အကောင်းဆုံး Animated Photo တွေပြုလုပ်နိုင်တဲ့ App တွေပဲ ဖြစ်ပါတယ်။ ဒီ App တွေကို အသုံးပြုပြီး မိတ်ဆွေတို့ရဲ့ အကောင်းဆုံး Animated Photo တွေကို ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။