Smart Phone တွေဟာ သင့်အတွက်တကယ်ကိုအသုံးဝင်ပြီး အကျိုးကျေးဇူးအများကြီးရရှိစေတယ်ဆိုတာတော့ အမှန်အကန်ပါပဲ။ ဒါပေမဲ့ တစ်ခါတစ်ရံ မလိုအပ်ပဲ Phone ကိုသုံးမိနေခြင်းဟာ သင့်ရဲ့မျက်လုံးနဲ့ အာရုံကြောကိုပါထိခိုက်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာမှာပါဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် Phone ကို အကျိူးရှိရှိနဲ့ဂရုတစ်စိုက်ချင့်ချိန်သုံးစွဲဖို့လိုပါတယ်။ ဒါကြောင့် အကျိုးရှိနိုင်မယ်ထင်တဲ့ Tips လေးတွေဖော် ပြပေး လိုက်ပါတယ်…
မလိုအပ်တဲ့ Notification တွေဖယ်ရှားလိုက်ပါ
အရေးကြီးတဲ့ Chat notification ဒါမှမဟုတ် Email Notification တွေလိုမျိုးမဟုတ်ပဲ တစ်ချို့အရမ်းမလိုအပ်တဲ့ App တွေကနေ Notification တွေတက်တက်လာတာဟာ သင့် Phone ကိုမလိုအပ်ပဲ အာရုံစိုက်မိနေဖို့ဖြစ်စေတတ်ပါတယ်။ တစ်ခါတစ်ရံ စိတ်အနှောင့်အယှက်တောင်ဖြစ်စေပါတယ်။ဒါကြောင့် သင့်အတွက်အရမ်းမလိုအပ်တဲ့ App က Notification တွေကို Setting ထဲဝင်ပြီး ပိတ်ထားလိုက်ပါ။
Wallpaper ကို Black ထားလိုက်ပါ
အမိုက်စား Wallpaper လှလှလေးတွေဟာ အမြင်လှတာမှန်ပေမဲ့ တစ်ခါတစ်ရံ Phone အပေါ်အာရုံစိုက်ရွေးချယ်ပြီးအလုပ်လုပ်ရတဲ့အခါ အရောင်တွေနဲ့ရှုပ်ထွေးနေတတ်ပါတယ်။ Black Color Wallpaper တွေကတော့ သင့် Phone ပေါ်က App နဲ့အခြားသောအရာတွေကို ရှင်းရှင်းလင်းလင်းမြင်ရပြီး ပိုမို Focus လုပ်နိုင်စေပါတယ်။
Home Screen မှာ လိုအပ်တဲ့ Tools တွေပဲအဓိကထားလိုက်ပါ
သင့်Phone အပေါ် မလိုအပ်ပဲအချိန်တွေပေးပြီး App တွေရှာဖွေနေရတာမျိုးကြုံနေရတဲ့အခါ ပထမဆုံး Home Screen မှာ အမြဲနေ့စဉ်သုံးစွဲထိတွေ့နေရတဲ့ Apps တွေကိုရွေးချယ်ထားလိုက်ပါ။ တစ်ခြား ရံဖန်ရံခါပဲ လိုအပ်တဲ့ App တွေကို Folder ထဲသက်သက်ခွဲထားတာမျိုးလုပ်ထားလိုက်ပါ။
App တွေကို Search မှာ Typing ရိုက်ရှာတာဟာပိုမိုလွယ်ကူစေပါတယ်
ကိုယ်ဖွင့်ချင်တဲ့ App ကို Phone ပေါ်မှာ Swipe Down လုပ်ပြီး Typing ရိုက်ရှာတာပိုမိုလွယ်ကူမြန်ဆန်ပြီး တိကျပါတယ်။
ညအိပ်ချိန်မှာ Phone ကို အိပ်ရာနဲ့ဝေးဝေးမှာ ထားရှိပါ
သင့် Phone ကိုသင်အိပ်တဲ့နေရာအနီးအနား မှာအားသွင်းထားတာမျိုး တွေလုပ်တာဟာ သင့်ရဲ့အနားယူချိန်တွေကို အနှောင့်အယှက်ပေးပါတယ်။ညအိပ်စဉ် Phone က Notifications တက်လာတိုင်း Phone အပေါ်စိတ်ရောက်ပြီး ထဖွင့်နေတဲ့အခါ အိပ်ချိန်ကိုမှားယွင်းစေပြီး ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ Internet ပေါ်က သတင်းတွေကိုအလွန်အကျွန်ဖတ်ခြင်း ကြည့်ရှုခြင်းကိုလဲလျော့ချပါ။
တစ်ခါတစ်ရံ သိသင့်သိထိုက်တာထက်ပိုပြီး Internet ပေါ်ကသတင်းတွေ ကိစ္စတွေအပေါ်အာရုံစိုက်မိနေခြင်းဟာလည်းစိတ်ပိုင်းဆိုင်ရာထိခိုက်စေပါတယ်။
တစ်ခါတစ်ရံ Phone Screen အပေါ် ကိစ္စအထွေအထူးမရှိပဲ ဖွင့်ကြည့်မိနေတာမျိုး ကြုံဖူးကြမှာပါ။အခုဖော်ပြတဲ့အချက်လေးတွေဟာ အသေးအမွှားဆိုပေမဲ့ အမှန်တစ်ကယ် Try ကြည့်ပြီးလိုက်နာနိုင်တယ်ဆို အနည်းငယ်တော့အကျိုးထူးပါလိမ့်မယ်။