15 Jun 2020
မိမိရဲ့ဖုန်းကို တခြားသူတစ်ယောက်က လာပြီးကိုင်ကြည့်တာတွေ၊ စပ်စုနေတာတွေကို လူအများကတော့ ကြိုက်နှစ်သက်မထင်ပါဘူး။ ဒါက Privacy လုံလုံခြုံခြုံနဲ့ သီးသန့်နေချင်တဲ့ အမူအကျင့်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီကိစ္စက သာမန်ပါတဲ့ Screen Lock တွေနဲ့ Password ထားထားလည်းရတာပဲဖို့ ပြောချင်ပြောကြပါလိမ့်မယ်။ ဒီအချက်က သာမန်အချိန်တွေမှာတော့ လုံခြုံနိုင်ပေးမယ့်၊ မတော်တဆအချိန်တွေ(ကိုယ့်ဖုန်း Password ကိုသူများတွေသိသွားတဲ့အခါမျိုးတွေ၊ ကိုယ့်ဖုန်း Lock ပွင့်နေတဲ့အချိန်မျိုးတွေ)မှာ ကိုယ့်ရဲ့ အရေးကြီးအချက်အလက်တွေရှိတဲ့ File တွေ App တွေကိုသူများတွေက ကြည့်မိသွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုမတော်တဆမှုတွေမဖြစ်ဖို့အတွက်ဆိုရင် App တစ်ခုချင်းဆီကို Lock လုပ်ထားနိုင်ပါတယ်။ ကဲဒီ ပြဿနာတွေကို ကြိုတင်ကာကွယ်ထားနိုင်ဖို့အတွက် Android Device တွေမှာ App Lock လုပ်နိုင်မယ့် နည်းလမ်းအချို့ကို ဝေမျှပေးသွားပါမယ်…
ပထမဆုံးမှာ မိတ်ဆွေတို့ App တစ်ခုကိုဒေါင်းလုပ်ပြုလုပ်ပေးဖို့လိုပါတယ်။ ဒီ App ရဲ့နာမည်ကတော့ App Lock ပဲဖြစ်ပါတယ်။
ဒီ App ကို ပထမဆုံး Down ပြီးတဲ့အချိန်မှာ App ကိုဝင်ရင် Pattern အသစ်တခုဆွဲခိုင်းပါတယ်
ဒီအဆင့်ပြီးရင် ‘Agree and Start’ ဆိုတဲ့ Button ကိုနှိပ်ပါ
ညာဘက်အပေါ်ထောင့်မှာရှိတဲ့ ‘Protect’ ဆိုတဲ့ Tab ကိုနှိပ်ပါ
ဒီ Tab ကိုနှိပ်ပြီးသွားရင် Security Option တွေကိုတွေ့ရပါမယ်၊ သင့်ဖုန်းက Fingerprint Support ပေးတယ်ဆိုရင် Fingerprint Security ကိုပါအသုံးပြုလို့ရပါတယ်
နောက်တဆင့်ကတော့ ‘Privacy’ ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါက ကိုယ့်ဖုန်းမှာရှိတဲ့ App List ပေါ်လာပါမယ်
ကိုယ့် Lock လုပ်ထားချင်တဲ့ App ကိုရွေးလိုက်တဲ့အခါမှာ Permission တောင်းပါလိမ့်မယ်။ Permission ကိုလက်ခံလိုက်မယ်ဆိုရင်တော့ App Lock လုပ်တဲ့ လုပ်ငန်းစဥ်အောင်မြင်ပါပြီ။
ဒီအချက်တွေကို သေချာလုပ်ဆောင်ပြီး ကိုယ့်ရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ကိုယ့်ရဲ့ဖုန်းထဲမှာ Privacy လုံလုံခြုံခြုံနဲ့ နေနိုင်ပါပြီ။