04 May 2020
Instagram မှာ Ads တွေပါ Run ဖို့စိတ်ကူးရှိတယ်ဆိုရင် သိထားသင့်တဲ့ Ads Format တွေနဲ့ Ads Ratio တွေကို ဖော်ပြပေးပါမယ်။
Instagram မှာသတ်မှတ်ထားတဲ့ Photo Ads Ratio တွေကတော့ Landscape အနေအထားမှာ 1.91:1 Ratio ဖြစ်ပြီး ပုံဆွဲရမယ့် Pixel အတိုင်းအတာကတော့ 1200×628 ဖြစ်ပါတယ်။ Square အနေထားကတော့ 1:1 Ratio ဖြစ်ပြီး Pixel အတိုင်းအတာနဲ့ရင် 1080×1080 ဖြစ်ပါတယ်။ Portrait အနေအထားမှာတော့ 4:5 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1350 နဲ့ဖြစ်ပါတယ်။ Instagram ရဲ့ Video Ads Ratio တွေကလည်း Photo Ads Ratio နဲ့အတူတူပဲ ဖြစ်ပါတယ်။
Instagram Stories Ads အတွက် Photo, Video နဲ့ Carousel Ratio ကတော့ 9:16 Ratio ဖြစ်ပြီး Pixel အနေအထားကတော့ 1080×1920 ရှိရမှာဖြစ်ပါတယ်။
Instagram Carousel Ads တွေအတွက် Ratio အနေနဲ့က 1:1 ဖြစ်ပြီး Pixel အနေအထားက 1080×1080 ရှိဖို့လိုအပ်ပါတယ်။ Carousel Ads အတွက်သတ်မှတ်ထားတဲ့ Image နဲ့ Video အရေအတွက်က (၁၀) ခု ထိသုံးနိုင်ပါတယ်။ Video ကတော့ စက္ကန့် (၆၀) အထိတင်နိုင်ပါတယ်။
Instagram Collection Ads တွေအတွက် Ration ကတော့ 16:9 (သို့မဟုတ်) 1:1 Ratio နဲ့သုံးနိုင်ပြီး Pixel အနေအထား 1920×1080 (သို့မဟုတ်) 1080×1080 ဆိုပြီး ရွေးချယ်အသုံးပြုနိုင်ပါတယ်။ ဒီ Ad Format ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Facebook Catalog ကိုပါတွဲဖက် အသုံးပြုပေးဖို့ လိုအပ်ပါတယ်။
ဖော်ပြခဲ့တဲ့ အချက်တွေကို ကြည့်ခြင်းအားဖြင့် မိတ်ဆွေတို့ရဲ့ လုပ်ငန်းတွေကို Instagram မှာ Ads Run ပြီးလုပ်ကိုင်တဲ့ အခါမှာ Format နဲ့ Ratio တွေကို သတိထားပြီး လုပ်ကိုင်နိုင်သွားမှာ ဖြစ်ပါတယ်။