21 Jul 2020
အင်တာနက်အသုံးပြုပြီး လုပ်ငန်းလုပ်ကိုင်ရတဲ့သူတစ်ယောက်ဆိုရင် Google Docs နဲ့ရင်းနီးပါလိမ့်မယ်။ ဒါမှမဟုတ် ဒီ Google Docs နဲ့မရင်းနီးတဲ့သူတွေအတွက် အကြမ်းဖျင်း ဖော်ပြပေးသွားပါမယ်။ Google Docs ဆိုတာက လုပ်ငန်း Management ကောင်းကောင်းလုပ်နိုင်ပြီး Document Editing ကောင်းကောင်း လုပ်နိုင်တဲ့ Online Word Processor တစ်ခုဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ Mobile Device တွေမှာပါ အသုံးပြုနိုင်လာပါပြီ။ ဒီအချက်ကတော့ Cross Platform အသုံးပြုနိုင်လာပြီ ဖြစ်တဲ့အတွက် လုပ်ငန်း လုပ်ကိုင်ရတာ ပိုပိုပြီး Productive ဖြစ်လာပါတယ်။
Google Docs ကိုအသုံးပြုတဲ့အခါမှာ Default Mode ကရိုးရှင်းတဲ့ ပုံစံနဲ့တွေ့ရပြီး၊ အသစ်ထွက်တဲ့ Update မှာတော့ Dark Mode ပါအသုံးပြုလို့ ရနေပါပြီ။ ဒီ Mode ကိုအသုံးပြုချင်သူများအတွက် အသုံးပြုပုံပြုနည်းကို ဖော်ပြပေးပါမယ်…
Step 1 - Google Play Store (သို့) App Store မှာ Google Docs App ကို Download လုပ်ပါ
Step 2 - Google Docs ဒေါင်းပြီးပါက ဘယ်ဘက်မှာရှိတဲ့ မျဥ်းကြောင်းသုံးကြောင်းကို နှိပ်ပါ။
Step 3 - Setting ကိုနှိပ်ပါ
Step 4 - Choose Theme ကိုရွေးပါ
Step 5 - Dark ကိုရွေးပေးပါ
ဒီအချက်တွေကို လုပ်ပြီးသွားရင်တော့ Google Docs မှာ Dark Mode ကိုအသုံးပြုနိုင်ပါပြီ။