18 Mar 2020
Snapchat ကဒီအပတ်ထဲမှာ Covid 19 Outbreak နဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို Snapchat User တွေအတွက် ထည့်သွင်းစဥ်းစားပေးလာပါတယ်။ ပထမဆုံးအနေနဲ့ Snapchat က W.H.O နဲ့လက်တွဲ လုပ်ကိုင်နေပြီး Snapchat User တွေကို အခြေအနေအရထွက်ရှိလာတဲ့ နောက်ဆုံးရ သတင်းတွေကိုပါ သိရှိနိုင်အောင်လည်း
လုပ်ဆောင်ပေးထားပါတယ်။
နောက်ထပ် ထပ်ထည့်ပေးထားတဲ့ အချက်တွေလည်း ရှိပါသေးတယ်။ Snapchat User တွေအတွက် ကျန်းမာရေးအသိပေးတဲ့ AR Feature တစ်ခုလည်း W.H.O နဲ့အတူပူပေါင်းပြီး ထုတ်လုပ်ထားပါတယ်။ ဒီ AR Feature မှာကတော့ Covid 19 နဲ့ပတ်သတ်တဲ့ ကြိုတင်ကာကွယ်မှုတွေကို တစ်ခုချင်းဖော်ပြပေးထား တာပဲဖြစ်ပါတယ်။ ဒီ AR Feature အပြင် Covid 19 ကိုကြိုတင်ကာကွယ်ဖို့ သတိပေးဖို့ Sticker
အသစ်တွေကိုလည်း ထပ်မံထည့်သွင်းပေးထားပါတယ်။ ကဲဒီ Sticker တွေကိုတော့ အောက်မှာ တစ်ချက်ကြည့်ရှုနိုင်ပါတယ်…
Covid 19 နဲ့ပတ်သတ်တဲ့ Trend အချို့ကိုလည်း In App မှာထည့်ဖို့ Discussion လုပ်ပြီးသွားတာကို အောက်မှာကြည့်ရှုနိုင်ပါသေးတယ်…
Ref - socialmediatoday