04 Sept 2019
ဒီတစ်ခေါက်မှာတော့ 4th September 2019 မှာ Launch သွားမယ့် Samsung Galaxy A Series ထဲက Galaxy A90 ရဲ့
Specification တွေကို ဖော်ပြပေးသွားမှာပါ။ Design ပိုင်းကလည်း ဆွဲဆောင်မှုရှိပြီး လူငယ်ကြိုက်ပုံစံ မျိုးဖြစ်ပါတယ်။ Mid-Range Phone တစ်လုံးဖြစ်ပြီး Spec တွေ High-end နီးပါးနဲ့
5G Support ပေးတဲ့ လူကြိုက်များမယ့် ဖုန်းတစ်လုံး ဖြစ်လာနိုင်ပါတယ်။ ကဲဒီတော့ သူရဲ့
Specification တွေကိုကြည့်ကြရအောင်...
Processor
Galaxy A90 မှာသုံးပေးထားတဲ့ Chipset က Qualcomm SDM855 Snapdragon 855 (7 nm) နဲ့ CPU က Octa-core (1x2.84 GHz Kryo 485 & 3x2.42 GHz Kryo 485 & 4x1.78 GHz Kryo 485) သုံးပေးထားတဲ့ အတွက် အသုံးပြုရတာတော့ တော်တော် အဆင်ပြေမယ့် ပုံပါပဲ။
Display
Galaxy A90 ရဲ့ Display က Super AMOLED capacitive touchscreen နဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး 1080 x 2400 pixels ရှိပါတယ်။ Size ကတော့ 6.7 inches ရှိတဲ့ အတွက် Game ဆော့တာပဲ ဖြစ်ဖြစ်၊ Video ကြည့်တာပဲ ဖြစ်ဖြစ် အဆင်ပြေနိုင်ပါတယ်။
Camera
Camera ကတော့ တော်တော်မိုက်တာကို တွေ့ရပါတယ်။ Primary Camera က Triple Camera ဖြစ်ပြီး 48 MP, f/2.0, 26mm (wide), 1/2", 0.8µm, PDAF, 8 MP, f/2.2, 12mm (ultrawide), 1.12µm, 5 MP, f/2.2, depth sensor တို့နဲ့ Secondary Camera ကတော့ 32 MP, f/2.0 ကိုအသုံးပြုထားပါတယ်။ 2160p@30fps, 1080p@30/60fps (gyro-EIS), 720p@960fps တို့နဲ့ ရိုက်နိုင်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ၊ ဗီဒီယို ရိုက်တာ ၀ါသနာပါတဲ့ သူတွေအတွက် ရွေးချယ်နိုင်မယ့် ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Memory
Memory ပိုင်းမှာလည်း 128GB 6GB RAM, 128GB 8GB RAM ဆိုပြီး နှစ်မျိုးရွေးချယ်နိုင်ပါတယ်။ External SD Card Slot ကတော့ Micro SD ဖြစ်ပြီး 512GB အထိ Upgrade လုပ်သွားနိုင်ပါတယ်။
Operating System
Galaxy A90 ရဲ့ Operating System ကိုတော့ Android 9.0 (Pie); One UI သုံးထားပါတယ်။
Sensor
Sensor တွေအနေနဲ့တော့ Fingerprint (under display, optical), accelerometer, gyro, proximity, compass Samsung DeX (desktop experience support) ANT+ တွေပါ၀င်ပါတယ်။
Battery
Battery မှာဆိုရင်လည်း Non-removable Li-Po 4500 mAh battery ကိုထည့်သွင်းပေးထားပါတယ်။ Charging ကတော့ Fast Charging Support ပေးပါတယ်။
Color
Galaxy A90 ရဲ့ Color တွေအနေနဲ့ White, Black နှစ်မျိုး ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ဒီနေ့မှာ Launch လုပ်တာဖြစ်တဲ့ အတွက် မိတ်ဆွေတို့အတွက် စောင့်ဆိုင်းစရာ သိပ်မလိုတော့ပါဘူး။
ငွေအရမ်းမသုံးဘူး ဖုန်းကောင်းကောင်းလည်း လိုချင်တယ်ဆိုတဲ့သူတွေအတွက် ဒီဖုန်းက ရွေးချယ်စရာ ဖုန်းတစ်လုံး ဖြစ်လာပါတယ်။
Ref - gsnarena