29 Jun 2018
Facebook Newsfeed က Post တွေကလိုပဲ Facebook Stories မှာပါ Emoji Reaction တွေပေးလို့ရအောင်ထည့်သွင်းလိုက်ပါပြီ။ Facebook Stories မှာ Post တင်သူတွေက မိမိ Post ကိုပေးတဲ့ Reaction တွေ ကို Stories View Listing ကနေတစ်ဆင့်မြင်နိုင်တော့မှာပါ။ အဲ့ဒါအပြင် Facebook Stories မှာ Group Chat ကိုလည်းထည့်သွင်းလိုက်ပါတယ်။ ကိုယ့်ရဲ့ Stories Content မှာကိုယ် chat ချင်တဲ့ Friend ကိုပဲ Select လုပ်ပြီး Chat လို့ရအောင်ပြုလုပ်ထားပြီး Conversation Group အသစ်ပြုလုပ်နိုင်မှာဖြစ်ပါတယ် ။ နောက်ဆုံးသတင်းတွေအရ ယခုဆို Facebook Stories ကိုနေ့စဉ်အသုံးပြုသူ 150 မီလီယမ် နဲ့ချီပြီးရှိနေ ပြီဖြစ်တဲ့အတွက် ယခု Update ဟာ Facebook Stories ရဲ့ Engagement ပိုတက်အောင် Design ပြုလုပ်ထားတယ်လို့သိရပါတယ်။ Facebook ရဲ့အခြား App တွေဖြစ်တဲ့ Whatsapp, Status, Instagram Stories နဲ့ Snapchat စတာတွေနဲ့ယှဉ်ရင်တော့အသုံးပြုသူ ရော့နည်းနေပါသေးတယ်။ ဒါပေမဲ့ မကြာသေးခင်ကမှ ထည့်သွင်းခဲ့တဲ့ ဒီ Facebook Stories ဟာအသုံးပြုသူ အမြောက်အမြားထပ်မံ ရရှိဖို့အလားအလာရှိနေပါပြီ။ ဒါကြောင့်လည်း Facebook ဟာ Feature အသစ်တွေထည့်သွင်းပြီး အသုံးပြုတွေပိုမိုရရှိလာစေရန် Facebook Stories Reaction နဲ့ Group Chat ကိုထည့်သွင်းလိုက်ပါတယ်။
Ref - socialmediatoday