21 Mar 2018
Facebook Ads များပြုလုပ်ရာတွင် Facebook ၏ Advertising Guideline များအကြောင်း သိထားရန် လိုအပ်ပါသည်။ ထို Advertising Guideline များအနက် Text Overlay သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
Text Overlay ဆိုသည်မှာ Facebook Ads တွင် အသုံးပြုသော ရုပ်ပုံများတွင် စာဖြင့်ရေးသားသော Text ပမာဏသည် Facebook ၏ Text Rule အရ ၂၀ % ထက် မပိုသော ပမာဏသာ ရှိရမည်ဖြစ်သည်။ Text Overlay ဖြစ်နေသော ပုံများသည် သာမန် Post အနေဖြင့် တင်နိုင်သော်လည်း Ads Campaign အနေဖြင့် Run မရပေ။
Text Overlay တွင် Text ပါသော Logo များ နှင့် Watermark များလည်း ထည့်သွင်း စဉ်းစားမည်ဖြစ်သည်။ Text Overlay အား အလိုအလျောက် စစ်ဆေးသောစနစ်ဖြင့် စစ်ဆေးပြီး သင့်ပုံတွင် စာသားမပါဝင်ပဲ Text Overlay ပြနေပါက လူကိုယ်တိုင်စစ်ဆေးပေးရန် Manual Request တောင်းခံနိုင်သည်။
Advertiser များအနေဖြင့် မိမိတို့ Page တွင် ပုံမတင်ခင် Text Overlay ဖြစ်မဖြစ် ကြိုတင်စစ်ဆေး သင့်ပေသည်။ Facebook ၏ Tool တစ်ခုဖြစ်သော Text Overlay - Image Text Check တွင် Upload လုပ်၍ ဝင်ရောက်စစ်ဆေးနိုင်သည်။
အဆိုပါ Text Overlay အတွက် Image Text Rating ၃ ခု ခွဲခြားထားပါသည်။
Image Text : OK ဟု ပြပါက ကြော်ငြာ Post သည် ပုံမှန်အတိုင်း အလုပ်လုပ်မည်ဖြစ်သည်။
Image Text : Low ဟု ပြပါက ကြော်ငြာ Post ၏ Reach ပမာဏကို သာမန်ထက် လျှော့ချပစ်မည် ဖြစ်သည်။
Image Text : Medium ဟု ပြပါက ကြော်ငြာ Post ၏ Reach ပမာဏကို အနည်းဆုံးအထိ လျှော့ချပစ်မည် ဖြစ်သည်။
Image Text : High ဟု ပြပါက ကြော်ငြာ Post အား လုံးဝ Run မည်မဟုတ်ပါ။