04 Nov 2018
တစ်ကမ္ဘာလုံးအနေအထားအရ ထိပ်ဆုံးက ရပ်တည်နေတဲ့ Top 5 Messaging Applications တွေအကြောင်းကိုဖော်ပြပေးမှာဖြစ်ပါတယ်။WhatsApp ဟာကမ္ဘာတစ်ဝှမ်းသုံးဆွဲသူ User အများဆုံး Application ဖြစ်ပေမဲ့ US မှာဆိုရင်တော့ Facebook Messenger ဟာပိုမိုထင်ရှားပါတယ်။ ဒါပေမဲ့ အဆိုပါ Application ၂ ခုစလုံးကိုမသုံးဆွဲတဲ့ နိုင်ငံတွေလဲအမြောက်အများရှိပါတယ်။ဒီလိုဆိုရင် Top 5 Messaging Application တွေကိုလေ့လာကြည့်ရအောင် ..
1.WhatsApp
WhatsApp ကတော့ ယခုအချိန်မှာ Messaging Application တွေထဲမှာမှ လူကြိုက်အများဆုံး Application ပဲဖြစ်ပါတယ်။ Messaging application တွေထဲမှာ အလုံခြုံဆုံး Application ဖြစ်တယ်လို့ယူဆရတဲ့အတွက် Security ကိုအလေးအနက်ထားတဲ့ နိုင်ငံတွေရဲ့ ဦးစားပေး Application ဖြစ်လာပါတယ်။ယခုဆို WhatsApp ကို ကမ္ဘာတစ်ဝှမ်း အသုံးပြုသူ User ပေါင်း 1.5 Billion ထက်ကျော်လွန်နေပြီဖြစ်ပါတယ်။ South Africa,Great Britain နဲ့ South Asia စတဲ့နိုင်ငံတွေရဲ့ ကနဦး အသုံးပြုတဲ့ Messaging application လဲဖြစ်ပါတယ်။
Facebook ရဲ့ Messenger Application ဟာလဲ WhatsApp နဲ့သိပ်မကွာလှပါဘူး။အသုံးပြုသူ User 1.3 billion အထက်ကိုရရှိထားတဲ့ ဒုတိယမြောက် ကမ္ဘာတစ်ဝှမ်း အသုံးများတဲ့ Messaging Application ပဲဖြစ်ပါတယ်။Brand တွေဟာလဲ သူတို့ရဲ့ Digital Marketing Strategy တွေတိုးတက်ဖို့အတွက် Facebook Messenger ကိုအလေးပေးလာကျပါတယ်။ Facebook messenger အထူးသဖြင့် Chatbot တွေဟာ Customer တွေအတွက်များစွာအထောက်အကူပေးတာမို့ရေပန်းစားပါတယ်။ Email မှတစ်ဆင့်စာတစ်ဆောင်ပို့တဲ့အခါ ဖွင့်ဖတ်ဖို့ 5-10% သာအခွင့်အရေးရှိပါတယ်။ဒါပေမဲ့ Messenger ကနေပေးပို့တယ်ဆိုရင်တော့ 60 mins အတွင်းမှာတင် 70-80% အထိသင်ပေးပို့တာကိုဖွင့်ဖတ်ဖို့ အခွင့်အလမ်းများပါတယ်။ဒါကြောင့်လဲ ဒုတိယမြောက် နေရာရပ်တည်နေခြင်းဖြစ်ပါတယ်။
3.WeChat
WeChat application ကတော့တရုတ်လူမျိုးတွေကြားမှာအလွန်ရေပန်းစားပါတယ်။ WeChat Application ဟာ လူတစ်ယောက်နဲ့တစ်ယောက် Communicate လုပ်ဖို့တင်မကပဲ Social Media Application တစ်ခုလဲဖြစ်တဲ့အပြင် Digital Payment နည်းလမ်းတွေပါပါဝင်တာမို့ တရုတ် ဈေးကွက်မှာတော့အသုံးပြုသူမရှိသလောက်ပါပဲ။ သူ့ရဲ့ GPS ကနေတစ်ဆင့်အနီးအနားမှာရှိတဲ့ New Friend တွေကိုရှာဖွေ Add လို့ရပါတယ်။ WeChat User ပေါင်းကတော့ 1 Billion အထိရှိပါတယ်။
4.VIBER
VIBER ကတော့သူ့မှာပါဝင်တဲ့ Secret feature ကြောင့် ဖုန်းအသုံးပြုသူတွေ Install အများဆုံးလုပ်တဲ့ Secondary Application လို့တောင်ဆိုကြပါတယ်။ VIBER အသုံးပြုမှုအများဆုံးနိုင်ငံတွေကတော့ Kyrgyzstan, Ukraine, Belarus, Armenia, Azerbaijan, Bosnia နဲ့ Herzegovina တို့ပဲဖြစ်ပါတယ်။
5.LINE
LINE ကတော့ ကမ္ဘာတစ်ဝှမ်းအသုံးပြုသူ User ပေါင်း 203 Million အထိရှိပြီး Taiwan နဲ့ Japan နိုင်ငံတွေမှာအသုံးများဆုံး Messaging application ပဲဖြစ်ပါတယ်။Message ပို့ရုံတင်သာမက Voice Message, Video Call, Group Chat, Social Group တွေတဲ့အပြင် အလန်းစား Sticker တွေနဲ့ Game တွေဝေဝေဆာဆာပါဝင်တာကြောင့် Top 5 Messaging Application ထဲပါဝင်ပါတယ်။
Ref - Inc.com