11 Mar 2019
Western Country တွေမှာ အသုံးများတဲ့ Social Media Network တစ်ခုဖြစ်တဲ့ Twitter ဟာဆိုရင်တော့ အကောင်းဆုံး အချိန်နဲ့ နေ့ရက်တွေမှာ Publish Tweet လုပ်ပြီး Audience Engagement တွေရရှိစေနိုင်မယ့် Insight Tool တစ်ခုကို Launch လုပ်ခဲ့ပါတယ်။
ဒီ Tool အသစ်လေးရဲ့နာမည်ကတော့ “Time is everything” ပဲဖြစ်ပြီး ဒီ Tool ကို Develop လုပ်ရတဲ့အချိန်ကလည်း ၁ လခန့်ယူခဲ့ရတယ်လို့ သိရှိရပါတယ်။ ဒီ Tool လေးကြောင့် Twitter အသုံးပြုတဲ့ Company တွေမှာလည်း ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ သိရှိခဲ့ရပါသေးတယ်။ ဒီ Tool ရဲ့ နောက်ထပ် အကျိုးပြုပုံကိုပြောရမယ် ဆိုရင် အထူးသဖြင့် Video Tweet တွေမှာဆိုရင်လည်း Video တွေအပေါ် Audience Watching နဲ့ Engagement များနေတဲ့ အချိန်တွေကို Historical Data တွေနဲ့ အတူ ဖော်ပြပေးပါတယ်။
“Time is everything” က Video Tweet တွေရဲ့ အကောင်းဆုံး Engagement, Conversation, Viewership ရချိန်တွေကိုလည်း Data Provideပြီး Highlight ပြုလုပ်ပေးပါသေးတယ်။ ဒီ Tool က Follower/ User တစ်ယောက်ထဲ Video ကြည့်နေတဲ့ အချိန်ကိုဖော်ပြပေးမှာ မဟုတ်ပဲ Follower/User တွေအားလုံးကြည့်ရှုနေတဲ့ အချိန်ကို ဖော်ပြပေးမှာ ဖြစ်တဲ့အတွက် ဒီ Tool လေးက Twitter အသုံးပြုတဲ့ Company တွေအတွက် အဆင်ပြေပြီး ရလဒ်ကောင်းတွေရရှိလာစေမယ့် Tool လေးတစ်ခုလို့ လည်းပြောနိုင်ပါတယ်။
Ref : SEJ