02 Mar 2021
ခေတ်မှီလာတဲ့ Marketing နယ်ပယ်မှာ ပြိုင်ဘက်လုပ်ငန်းတွေထက် ပိုပြီးအောင်မြင်ဖို့ဆိုရင် အများနဲ့ မတူတဲ့နည်းလမ်းတွေ ဗျူဟာတွေကို အသုံးပြုပြီး ထိုးဖောက်ကြရပါတယ်။ ဒါမှသာ Audience
Awareness ရရှိလာပြီး ကိုယ့်ရဲ့လုပ်ငန်းဟာ အောင်မြင်မှာပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲမှာမှ Video Content တွေက Marketing မှာအရေးပါတဲ့ ကဏ္ဍတစ်ခု အဖြစ်ပါဝင်လာပါတယ်။ ဒါကြောင့် Marketing Strategy တွေမှာ အသုံးဝင်စေမယ့် Video Content အမျိုးအစား အချို့ကို ဖော်ပြပေးသွားပါမယ်…
(၁) Explainer Video
ဒီ Video Content အမျိုးအစားကတော့ တိုတိုနဲ့ လိုရင်းကို ဖော်ပြပေးတဲ့ Video Content အမျိုးအစား ဖြစ်ပါတယ်။ ကိုယ့်ရဲ့ Product တွေ Service တွေကို Audience ဘက်ကနေ အသုံးပြုရလွယ်ကူစေရန် ရှင်းပြလိုတဲ့ လုပ်ငန်းတွေက အသုံးပြုကြပါတယ်။
(၂) Product Demo Video
ဒီ Video Content အမျိုးအစားကတော့ Product တွေရဲ့ Value ကို Viewer တွေမြင်အောင် ပြသတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီ Product Demo Video တွေကိုတွေ့ပြီး Product ကိုအမှန်တကယ် ဝယ်သွားတဲ့ Customer အရေအတွက်ဟာ အနည်းဆုံးမှာ ၇၃ ရာခိုင်နှုန်းလောက်ထိ ရှိတာကိုလည်း လေ့လာတွေရှိရပါတယ်။
(၃) How-To Video
How to (သို့မဟုတ်) Tutorial Video အမျိုးအစားတွေဟာ ကိုယ့်ရဲ့ Product တွေကို ဘယ်လိုအသုံးပြုရမလဲ? ဘယ်လိုနေရာတွေမှာ အသုံးပြုနိုင်တယ်ဆိုတဲ့ Point ကို Customer တွေဆီကို ချပြချင်တဲ့ အခါမျိုးတွေမှာ အသုံးပြုတဲ့ Video အမျိုးအစားဖြစ်ပါတယ်။
ယခုဖော်ပြခဲ့တဲ့ အကြောင်းအရာတွေကတော့ လက်ရှိ Marketing နယ်ပယ်မှာ အသုံးဝင်စေတဲ့ Video Content အမျိုးအစားတွေပဲ ဖြစ်ပါတယ်။