10 Oct 2018
နည်းပညာတွေခေတ်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့ အမျှ Social Media Marketing နယ်ပယ်က ပြောင်းလဲမှုတွေ အဆက်အပြတ်ဖြစ်နေပါတယ်။ အထူးသဖြင့် ကမ္ဘာ့အကြီးဆုံး Social Media Network တစ်ခုဖြစ်တဲ့
Facebook ကလည်း Update တွေပြောင်းလဲမှုတွေ ပြုလုပ်နေပါတယ်။ တစ်ချို့ Update လေးတွေကသိသိသာသာပြောင်းလဲသွားသလို၊ တစ်ချို့ Update တွေကတော့ အမြင်နဲ့ မသိနိုင်တော့ သတိမထားမိတာလေးတွေလည်းရှိပါတယ်။ ဒါကြောင့်မို့ Facebook က Update ပြုလုပ်ခဲ့တာလေးတွေကို ဖော်ပြပေးပါမယ်…
Instagram Stories မှာ Shopping Option ထည့်ခြင်း
Facebook Inc. ရဲ့ လက်အောက်ကဖြစ်တဲ့ Social Media Platform ဖြစ်တဲ့ Instagram ရဲ့ Stories မှာ
Shopping Option ကို ထည့်သွင်းလိုက်တာက လုပ်ငန်းရှင်တွေအတွက်ကော User အတွက်ပါ အပြန်အလှန်အကျိုးရှိစေတဲ့ Update လေးတစ်ခုဖြစ်လာပါတယ်။ User တွေ Instagram Stories မှာ Product Detail
ကိုကြည့်နိုင်တဲ့အတွက် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့်မို့ Shopping ဝါသနာပါတဲ့ User တွေအတွက်ဆိုရင် ပိုမိုအဆင်ပြေစေမဲ့ Update ကောင်းလေးတစ်ခုဖြစ်ခဲ့ပါတယ်။
Augmented Reality Ads
ဒီတချက်ကလည်း Facebook User တွေနဲ့ Shopping လုပ်ကိုင်နေသူတွေအတွက် တော်တော်ကိုအဆင်ပြေစေတဲ့ Update လေးတစ်ခုဆိုလည်းမမှားပါဘူး။ Shopping Option လိုမျိုးကိုမှ Augmented Reality
နည်းပညာကိုအသုံးထားတဲ့ Ads လေးတစ်ခုဖြစ်တဲ့အတွက် User တွေအနေနဲ့ Product တွေကို မြင်ရရုံသာမက မိမိနဲ့အဆင်ပြေမပြေပါ စမ်းသပ်လို့ရပါတယ်။ ဒီ Ads တွေကိုတော့ Facebook Platform အတွင်းမှာအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။
Facebook Page Recommendation
ဒီတစ်ချက်ကတော့ User တွေနဲ့ သိပ်မစိမ်းတဲ့အရာတစ်ခုပါပဲ။ ဘာကို Update လုပ်လိုက်တာလဲဆိုရင်
Facebook Page Reviews ကို Recommendation ဆိုပြီး ပြောင်းလဲမှုပါ။ ဘာတွေပြောင်းလဲသွားလဲဆိုရင်တော့ Page ကိုဝင်ကြည့်ရှုတဲ့ User တွေ Recommend ပေးချင်ရင်လွယ်လွယ်ကူကူနဲ့ လုပ်နိုင်ဖို့အတွက် သင့်တော်တဲ့ Phrase လေးတွေကိုထားပေးထားပါတယ်။ ဓာတ်ပုံတွေနဲ့ပါ Recommend လုပ်နိုင်နေပြီဆိုတော့ Page မှာလိုအပ်ချက်တွေရှိခဲ့ရင်တောင် ဘယ်နားဘယ်လိုလိုအပ်ချက်ရှိလဲဆိုတာကိုပုံနဲ့တကွ Recommend ပေးနိုင်တဲ့အတွက် နှစ်ဦးနှစ်ဖက်အတွက်အကျိုးဖြစ်စေမဲ့ Update တစ်ခုဖြစ်ပါတယ်။
Ref - socialmediatoday