20 Mar 2019
မိတ်ဆွေဟာ Technology နဲ့ ပတ်သတ်တဲ့ လုပ်ငန်းခွင်မှာအလုပ်လုပ်ကိုင်နေတဲ့သူတစ်ယောက်ဆိုရင် Browser တွေကို မဖြစ်မနေ အသုံးပြုရပါမယ်။ ဒါကြောင့် သင့်အတွက် ယခုဖော်ပြပေးမဲ့ အကြောင်းအရာကတော့ Chrome Browser မှာသင့်အတွက် အထောက်အကူဖြစ်နိုင် Chrome Extension တွေကိုဖော်ပြပေးပါမယ်…
Google Calendar
ဒီ Extension ကလည်း အသင်းအဖွဲ့နဲ့ စုပေါင်းလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေမှာဆို ရှိသင့်တဲ့ Extension လေးပဲဖြစ်ပါတယ်။ Calendar မှာ ကျတဲ့တာဝန်တွေ၊ ပိတ်ရက်တွေ အစရှိတဲ့ Time Management တွေကို စီစဉ်လို့ရပါတယ်။ ဒါကြောင့်မို့ ဒီ Google Calendar ဆိုတဲ့ Extension ကိုလည်း အသုံးပြုကြည့်ဖို့ အကြံပေးပါ
တယ်။
Snooze Email
ဒီ Extension လေးကတော့ မိမိအလုပ်လုပ်နေတဲ့ အချိန်မှာမလိုအပ်တဲ့ Mail တွေဝင်မလာအောင် လုပ်ထားလို့ရတဲ့ Extension ဖြစ်ပါတယ်၊ သင်အလုပ်လုပ်ပြီးတဲ့ အချိန်မှပဲ Mail တွေကိုပြန်ဝင်စေချင်တယ်ဆိုရင် Schedule လည်းပြုလုပ်လို့ရပါတယ်။
Sort For Gmail
Gmail အတွက် Task-Board Style Layout တွေကို လွယ်လွယ်ကူကူနဲ့ အဆင်ပြေအောင် ပြုလုပ်နိုင်ဖို့အတွက် အသုံးဝင်တဲ့ Extension လေးတစ်ခု ဖြစ်ပါတယ်။ ဒီ Extension လေးကို ပြုလုပ်ခဲ့တဲ့ အကြောင်းရင်း ကတော့ User တွေရဲ့ အချိန် ၁၀ ရာခိုင်းနှုန်းဟာ Mail နဲ့ လိုအပ်တဲ့ Folder နဲ့ကြားမှာ ကုန်ဆုံးနေလို့ ဒီ
Extension ကိုပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။
Grammarly
ဒီ Extension လေးကတော့ လက်ရှိ ကျတော်သုံးနေတဲ့ Extension တွေထဲမှာပါဝင်ပါတယ်။ ဒီ Extension က English စာအသုံးပြုပြီး အလုပ် လုပ်ကိုင်ရတဲ့ သူတွေအတွက် အဆင်ပြေစေတဲ့ Extension ဆိုလည်းမမှားပါဘူး။ Grammar မှားတာကို ပြင်ပေးရုံတင်မကပဲ စာလုံးအထားအသိုတွေကိုပါပြင်ဆင်ပေးပါတယ်။
Upgrade လုပ်ပြီး သုံးမယ်ဆိုရင်တော့ ပိုသင့်ပြီး အဓိပ္ပါယ်ရှိတဲ့ စာလုံးတွေကို အကြံပေးပါသေးတယ်။ ဒီ Extension လေးကိုတော့ စမ်းသုံးကြည့်စေချင်ပါတယ်။
အထက်ပါ Chrome Extension တွေဟာဆိုရင် လက်ရှိကာလမှာ အသုံးပြုမှုများနေတဲ့ Extension တွေဆိုရင်လည်းမမှားပါဘူး။ မိတ်ဆွေတို့ကိုလည်း စမ်းသပ်ပြီးသုံးကြည့်ဖို့ အကြံပြုပါတယ်။
Ref - socialmediatoday