14 Jan 2019
ယခုတစ်ခေါက်ဖော်ပြပေးမဲ့ အကြောင်းအရာကတော့ မိတ်ဆွေတို့ အတွက် Social Media Post တွေကိုသင့်စိတ်တိုင်းကျ Customize ပြုလုပ်နိုင်စေမဲ့
App လေးအချို့ကိုဖော်ပြပေးသွားမှာပဲဖြစ်ပါတယ်…
1.Planoly
ဒီ Planoly ဆိုတဲ့ App လေးကတော့ Social Media Network တစ်ခုဖြစ်တဲ့ Instagram မှာ သင့်ရဲ့ Post တွေကို သင် Post တင်ချင်တဲ့ အချိန်တွေကို Schedule ပြုနိုင်မှာဖြစ်ပါတယ်။ Creative ဖြစ်တဲ့ Multiple Layout တွေနဲ့လည်း Post ကိုဖန်တီးလို့ ရပါသေးတယ်။ Instagram မှာ Business Run နေတဲ့ လုပ်ငန်းတွေအနေနဲ့ လည်း မိမိတို့ Post တွေကို လိုချင်တဲ့ အချိန်မှာ တင်ဖို့ စီစဉ်ထားနိုင်မှာဖြစ်တဲ့ အတွက် ဒီ Planoly App လေးက အသုံးဝင်မဲ့ App လေးတစ်ခုပဲဖြစ်ပါတယ်။
2.Facebook Page Manager App
ဒီ App လေးကတော့ Facebook Page တွေကို ကိုင်တွယ်ရတဲ့ မိတ်ဆွေတွေအတွက် အသုံးပြုရလွယ်ကူစေမဲ့ App လေးတစ်ခုလို့ ပြောလို့ရပါတယ်။ လုပ်ငန်းခွင်မှာ Laptop/PC တွေနဲ့ အလုပ်လုပ်ရတာ ပိုမိုအဆင်ပြေပေးမဲ့ လုပ်ငန်းခွင်အပြင်ဘက် ရောက်ရှိနေတဲ့ အချိန်တွေမှာဆိုရင် Mobile Phone မှတဆင့် မိမိရဲ့ Page တွေကို Checking လုပ်နိုင်မှာ ဖြစ်တဲ့ အတွက် အသုံးဝင်တဲ့ App လေးတစ်ခုဖြစ်ပါတယ်။
3.Canva
ဒီ Canva ဆိုတဲ့ App လေးကတော့ မိတ်ဆွေတို့ Social Media Post တွေအတွက် Creative ဖြစ်တဲ့ Design တွေကို ဖန်တီးလို့ရမယ့် App လေးတစ်ခုဖြစ်ပါတယ်။ Layout Design တွေကလည်း 60000
ကျော်ရှိတဲ့ အတွက် မိတ်ဆွေနှစ်သက်ရာ Design တွေကိုရွေးချယ်နိုင်ပါသေးတယ်။ Facebook, Instagram, Twitter အစရှိတဲ့ Social Media Network တွေမှာ လိုအပ်တဲ့ Image Size တွေကို လည်းအလွယ်တကူ အချိုးကျကျဖန်တီးနိုင်သေးတဲ့ အတွက် Social Media ပေါ်မှာ ပုံတင်ဖို့ ခေါင်းစားနေတဲ့ အချိန်တွေမှာ ဆိုရင် ဒီ Canva App လေးက မိတ်ဆွေရဲ့ ပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်မဲ့ App လေးတစ်ခုလို့ ပြောလို့ရပါတယ်။
ယခုဖော်ပြပေးခဲ့တဲ့ App လေးတွေကတော့ လက်ရှိကာလမှာ အသုံးများနေတဲ့ Social Media Post တွေကို ဖန်တီးမှုတွေ၊ Schedule တွေပြုလုပ်ဖို့အတွက် အသုံးဝင်တဲ့ App တွေဖြစ်တဲ့ အတွက် မိတ်ဆွေတို့ကို
စမ်းသုံးကြည့်ဖို့ အကြံပြုပါရစေ။
Ref - techviral