09 Sept 2019
YouTube ကသူ့ရဲ့ Platform ပေါ်မှာအသုံးပြုနေတဲ့ User တွေထဲမှာမှ ကလေးတွေအတွက် ပိုအဆင်ပြေစေမယ့် Update တွေကို ထပ်မံလုပ်ဆောင်နေပါတယ်။ Advertising ပိုင်းနဲ့ Data Collection ပိုင်းမှာလည်း ကလေးငယ်တွေဖက်ကို ကြည့်ပြီး ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ အဓိကအနေနဲ့ ဒီပြောင်းလဲမှုကို သတိထားရမှာကတော့ YouTube Platform ပေါ်မှာ လုပ်ကိုင်နေတဲ့ Advertiser တွေ Content Creator တွေပဲ ဖြစ်ပါတယ်။ ကိုယ့်ဖန်တီးလိုက်တဲ့ Content ဟာ ကလေးသူငယ်တွေအတွက် အယူအဆ အထင်အမြင်လွဲစေနိုင်မယ့် Content မဖြစ်သွားဖို့ အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။
လူငယ် Audience ကို Target ထားတဲ့ Brand တွေဆိုရင် အရင်က ဖန်တီးထားတဲ့ Content တွေကိုလည်း Target သေချာပြန်စစ်ဖို့ လိုအပ်ပါတယ်။ Audience Age ကိုလည်း Level အလိုက် သတ်မှတ်ထားဖို့ လိုအပ်ပါပြီ။ ဒီအချက်ကြောင့် ကိုယ့် Content က Audience Age Level အလိုက်ဖြစ်သွားတဲ့ အတွက် Audience Data တွေလည်း Collect လုပ်တဲ့အခါမှာ Awareness တွေနည်းနည်းကျနိုင်ပါတယ်။ Subscriber နဲ့ Notification ပိုင်းမှာလည်း အနည်းကျဆင်းမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ တိကျတဲ့ အသက်အရွယ် အပိုင်းအခြားကို Target ထားရတော့မှာဖြစ်တဲ့အတွက် Engagement ပိုင်းမှာတော့ တိုးတက်လာနိုင်ပါတယ်။
ဒီလိုအသက်အရွယ်ပိုင်းခြားလိုက်ရတဲ့ အချက်ထဲမှာ ကောင်းတဲ့အချက်ကတော့ အမှန်တကယ်၀ယ်ယူမယ့် Audience တွေပိုများလာနိုင်ခြေရှိပါတယ်။ မကောင်းတဲ့အချက်ကိုပြောရမယ်ဆိုရင်တော့ Awareness ပိုင်းမှာ အနည်းငယ် ကျဆင်းလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုမှာ အဓိကထားပြီး သတိထားရမယ့် သူတွေကတော့ Content Creator တွေနဲ့ Advertiser တွေပဲ ဖြစ်ပါတယ်။ Brand တွေအနေနဲ့လည်း အသက်အရွယ်အပိုင်းအခြားကို သတိထားပြီး Content ဖန်တီးတာတွေ၊ Audience Targeting တွေလုပ်ဖို့ လိုအပ်ပါတယ်။ ဖော်ပြပေးခဲ့တာကို ကြည့်ပြီး YouTube ရဲ့ ပြောင်းလဲလာတဲ့
စနစ်ကို သတိထားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။