12 Oct 2018
လေ့လာတွေ့ရှိချက်တွေအရ သာမာန် Text links တွေ Text Content တွေထက် Visual Content ဟာ လူတွေရဲ့စိတ်ဝင်စားမှုကိုပိုရစေပါတယ်။ယခုခေတ်မှာ Image, Video, Infographic တွေခေတ်စားလာပါတယ်။ Visual နည်းပညာနဲ့တိုးတက်မှုအမြန်ဆုံးဖြစ်တဲ့ Social Networking Platform ဟာ Instagram နဲ့ Snapchat ဖြစ်ပြီး texting ကိုအခြေခံထားတဲ့ Social Network ဟာ Twitter ပါ။ဒါပေမဲ့ Twitter မှာလည်း Image, Gifs
နဲ့ Video တွေဟာ ခေတ်စားလာပါပြီ။ယခုဖော်ပြပေးမှာကတော့ Visual content တွေရဲ့ Marketing အတွက်အရေးပါပုံနဲ့အားသာချက်တွေကိုဖော်ပြပေးလိုပါတယ်။
1. Visual Content တွေဟာပိုပြီးမှတ်မိလွယ်စေပါတယ်။ မိမိပြောဆိုလိုတဲ့အကြောင်းအရာကို နှုတ်မှပြောတာ စာဖြင့်ရေးသားတာတွေက ယခင်ထဲကအသုံးချလာတဲ့နည်းလမ်းတွေဖြစ်ပြီး တကယ်လည်း ထိရောက်ခဲ့တာပါပဲ။ ယခုခေတ်မှာတော့ နည်းပညာတွေတိုးတက်လာတာနဲ့အမျှမိမိ ကုန်ပစ္စည်း ဝန်ဆောင်မှုစတာတွေကို Image တွေ Video တွေကနေတဆင့်ဖော်ပြခြင်းဟာ လူတွေရဲ့အမြင် အာရုံစိုက်မှုကိုပိုမိုရရှိစေပြီး လူတွေဟာ သာမာန် ရေးထားတဲ့စာကိုဖတ်ရတာထက် Image တွေ Video တွေနဲ့ဝေဝေဆာဆာတွဲဖက်ဖော်ပြထားတဲ့ အကြောင်းအရာကိုပိုပြီးဂရုတစိုက် အချိန်ပေးကြည့် ရှုပါတယ်။ ဥပမာ ပြောရမယ်ဆိုရင် သင့်ရဲ ့ Customer ကို သာမာန် Text တွေပဲရေးထားတဲ့ စာ တစ်ဆောင်ပို့ လိုက်ခြင်းထက် Visual တွေနဲ့ဝေဝေဆာဆာဖော်ပြရေးသားထားတဲ့ Email တစ်ဆောင်ဟာ ပိုပြီးစိတ်ဝင်စားခြင်းခံရပါတယ်။
2. Visual Content ဟာလူတွေရဲ့ Share လုပ်ခြင်းကိုပိုရစေပါတယ်။ Image နဲ့ တွဲပြီးဖော်ပြထားတဲ့ content တွေဟာ အခြားရိုးရိုး Content ထက် ၉၀% ပိုပြီး Sharing လုပ်ခြင်းကိုရစေပါတယ်။ Social Media မှာရှိတဲ့ Infographic တွေဟာ သာမာန် Content တွေထက် သုံးဆပိုပြီး User တွေရဲ့ Like And Share လုပ်ခြင်းကိုရစေပါတယ်။ User တွေဟာ Image
တွေ Infographic တွေမှာလှလှပပ ဆန်းသစ်ပြီးဖော်ပြထားတဲ့စာတွေကို သာမာန် Text Only ရေးသားထားတဲ့စာထက်ပိုပြီးစိတ်ဝင်တစားဖတ်ရှုပြီး share လုပ်ချင်ကျပါတယ်။
3. Visual content ဟာပိုမိုနားလည်လွယ်ပြီး မိမိဆိုလိုရင်းကိုထိရောက်စေပါတယ်။ Youtube မှာတင်ထားတဲ့ How To ဆိုပြီး ရှင်းပြထားတဲ့ Video တွေအလွန်ခေတ်စားပြီး လူတွေအတွက်ပိုပြီးနား လည်လွယ်ပါတယ်။သာမာန်ရေးသားထားတဲ့ ရှင်းလင်းချက်ထက် Visual Image တွေ Video ကနေ ဝေဝေဆာဆာရှင်းလင်းချက်တွေက လူတွေအတွက်ပိုပြီးနားလည်လွယ်စေပါတယ်။ လေ့လာချက်တွေအရ လူတွေဟာ Product အကြောင်းရှင်းလင်းထားတဲ့ Video တွေကြည့်ရခြင်းကို စာဖြင့်ဖတ်ရခြင်းထက် လေးဆပိုမိုနှစ်သက်တယ်လို့ဆိုပါတယ်။
ယခုဖော်ပြတဲ့အချက်တွေဟာ လူတိုင်းသိတဲ့အချက်တွေဆိုပေမဲ့ Social Media Marketing ဟာ ထင်သလောက်မလွယ်ကူပါဘူး။ ကိုယ့်ရဲ့ ကုန်ပစ္စည်းနဲ့ဝန်ဆောင်မှုတွေကို Customer တွေနားလည်လွယ်အောင် စိတ်ဝင်စားလာအောင်ပြုလုပ်နိုင်ဖို့ဆိုတာအလွန်အရေးပါတဲ့အတွက် ယခုအကြောင်းအရာတွေကနေတစ်ဆင့် လေ့လာနိုင်ရန်ဖော်ပြလိုက်ပါတယ်။
Ref-elink.io