02 Nov 2018
အခုလို နည်းပညာတွေ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ခေတ်ကြီးထဲမှာ စီးပွားရေးလုပ်ငန်းတွေကို Digital
Marketing နည်းပညာတွေကိုလည်းအသုံးပြုနေကျပါပြီ။ ဒီတော့ Internet Marketing Model တစ်ခုဖြစ်တဲ့ PPC ဆိုတာကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်…
PPC ရဲ့ အရှည်ခေါက်ကိုတော့ Pay-Per-Click လို့ ခေါ်ပါတယ်။ သူကတော့ Search Engine Advertising တစ်မျိုးဖြစ်ပြီးတော့ User တွေ ကြော်ငြာထားတဲ့ Ads ကို Click တစ်ချက်နှိပ်တာနဲ့ Click တစ်ချက်စာ ကို Google ကိုပေးရပါတယ်။ တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ Audience ကိုမိမိရဲ့Website ကိုရောက်လာအောင်နဲ့ Engagement ရအောင် Google ကိုပိုက်ဆံပေးပြီးကြော်ငြာတဲ့ သ ဘောပဲဖြစ်ပါတယ်။ ပေးရတယ်ဆိုတာကလဲ မိမိရဲ့ လုပ်ငန်းအနေအထားနဲ့ ပတ်သတ်ပြီး ဈေးက ကွာသွားမှာဖြစ်ပါတယ်။ Click အချက်တိုင်းမှာ Visitor တွေကို သင့်ရဲ့ Website ဆီကိုပို့ပေးသွားမှာဖြစ်ပါတယ်။
သင့်ရွေးချယ်ထားတဲ့ Keyword တွေကို Google ကလည်းလက်ခံတယ်၊ သဘောကျခဲ့မယ် ဆိုရင်တော့
PPC လုပ်ထားတာဟာ ထင်ထားတာထက်ပိုပြီး အကျိုးရှိလာစေမှာပဲဖြစ်ပါတယ်။
ကိုယ်ရဲ့ Website အတွက် Click တစ်ချက်ကို 3$ ပေးထားတယ်၊ ဒါပေမဲ့ အဲ့ဒီ Click တစ်ချက်ကပြန်ရမှာက 300$ အဲ့လောက်တောင် အကျိုးအမြတ်ရတတ်ပါတယ်။ နောက်တစ်ချက်က PPC လုပ်ထားတဲ့ Keyword တွေနဲ့မိတ်ဆွေတို့ရဲ့ Website တွေက Google ရဲ့ ပထမဆုံးစာမျက်နာမှာတွေမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် မိတ်ဆွေတို့သာ လုပ်ငန်းတွေကို Website နဲ့ လုပ်ကိုင်နေတယ်ဆိုရင်တော့ ဒီ PPC ဆိုတဲ့ Search Engine Advertising လေးကို အသုံးပြုကြည့်ဖို့ အကြံပြုပါရစေ။
Ref - wordstream