21 Dec 2020
ယခုနောက်ပိုင်းမှာ Brand အတော်တော်များများဟာ မိမိတို့ Product တွေကို Video Marketingပြုလုပ်ပြီး Customer တွေဆီက Engagement ကိုသိမ်းပိုက်နိုင်ခဲ့ကျပါတယ်။Video content တွေဟာသုံးစွဲသူ customer တွေရဲ့အာရုံစိုက်စိတ်ဝင်စားခံရမှုကိုအခြား Text နဲ့ Image တွေအပေါ်အာရုံစိုက်မှုထက်ကြာရှည်စွာဖမ်းယူဆုပ်ကိုင်နိုင်ပါတယ်။ Brand တစ်ခုရဲ့ Video Content ကိုကြည့်ရှုရခြင်းကို သာမာန် Content ကိုဖတ်ရခြင်းထက်ပိုပြီးစိတ်ဝင်စားကျပါတယ်။
ဒါ့အပြင်သူ့ရဲ့အားသာချက်ကတော့ Video တစ်ခုထဲမှာပင်မိမိဖော်ပြလိုတဲ့အကြောင်းအရာတွေကိုအရောင်အသွေးစုံလင်စွာ Visual အမြင်ကောင်းကောင်းဖြင့်ဖော်ပြနိုင်တာပဲဖြစ်ပါတယ်။အထူးသဖြင့် Video marketingကိုလူအသုံးများဆုံး YouTube မှာတွေ့မြင်ခဲ့ရပေမဲ့ ယခုဆိုမြန်မာနိုင်ငံမှာလဲFacebook နဲ့ Instagram စတာတွေမှာစီးပွားရေးလုပ်ငန်းတွေအပြိုင်အဆိုင်ခေတ်ရဲ့ Trend နဲ့အညီအမှီလိုက်ပြီးကြော်ညာနေကျပါပြီ။
Video content တစ်ခုမှာသင့်ရဲ့Brand ကိုရောင်းချတဲ့ပုံစံမျိုးမဟုတ်ပဲသင့် Brand နဲ့ပက်သက်တဲ့အချက်တွေကောင်းကျိုးတွေ စတာတွေကို Educate & Entertain ဖြစ်အောင်ဖော်ပြပေးဖို့လိုပါတယ်။သင့် Brand ဒါမှမဟုတ် Service နဲ့ပက်သက်တဲ့ Video ကို Audience တွေကြည့်ရှုပြီးသင့်ရဲ့လုပ်ငန်းအပေါ်အာရုံစိုက်လာဖို့အတွက်အဓိကအာရုံစိုက်ရပါမယ်။သင့်ရဲ့ Audience တွေအတွက်သင့်ရဲ့ Brand ဒါမှမဟုတ် Service ဟာစစ်မှန်ပြီးယုံကြည်စိတ်ချနိုင်တဲ့အကြောင်းဖော်ပြပေးဖို့လိုပါတယ်။Audience တွေသင့်ရဲ့Businessနဲ့ပက်သက်တဲ့အကြောင်းအရာတွေကိုပိုမိုနားလည်သဘောပေါက်လာစေဖို့အတွက်Video highlight တွေနဲ့ရှင်းလင်းဖော်ပြပေးလို့ရပါတယ်။ သင်ဟာ Facebookမှာ Business Run နေတယ် သင့်ရဲ့Business အတွက် Content marketing strategy ထဲမှာ Video contentမပါသေးရင်တော့လုပ်ဆောင်ဖို့လိုအပ်နေပါတယ်။