07 Jul 2020
Content Marketing ဟာထင်သလောက်တော့ မလွယ်ကူပါဘူး။ 90% သော Business တွေဟာ Content Marketing ပုံစံအမျိုးမျိုးကိုအသုံးပြုကြပေမဲ့ သူတို့ရဲ့ ၃ ပုံ ၁ ပုံလောက်သာ သူတို့ရဲ့ အားထုတ်မှုတွေအောင်မြင်တယ်လို့ ထင်ကြပါတယ်။ သင့် Business အတွက် Brand Awareness, Drive Sales တွေကို Content Marketing အကောင်းဆုံးဖန်တီးပေးနိုင်ပါတယ်။ Content Marketing Strategy ကြောင့်ရရှိခဲ့တဲ့ Audience တွေကလည်း သင့်ရဲ့
Business ကို တဆင့်စကား မှတဆင့် ဆီသို့ Sharing လုပ်ခြင်း၊ Social Media တွေဆီသို့ တဆင့် Sharing လုပ်ခြင်း အစရှိတဲ့ Reach တွေကို Free Marketing အနေနဲ့ပါ ဆောင်ရွက်ပေးနိုင်ပါသေးတယ်။ ဒါကြောင့် Content Marketing ပိုင်းမှာ သတိထား ရှောင်ရှားသင့်တဲ့ အလွဲများကို ဖော်ပြပေးချင်ပါတယ်…
Master Plan မရှိခြင်း
ပြတ်သားတဲ့ Vision/ Aim ရှိထားခြင်းက Content Marketing ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ရှိထားမှသာ သင့် Business အတွက်ရောက်ရှိမဲ့ အသုံးဝင်မယ့် Content Strategy ကိုဖန်တီးပြီး ရည်ရွယ်ထားတဲ့ Objective ကိုရရှိမှာပဲ ဖြစ်ပါတယ်။ ဒီအချက်ကို ဘာကြောင့် ပြောပြရလဲဆိုရင် Company တော်တော်များများက Strategy ပေါင်းများစွာကို အသုံးပြုကြပေမယ့် ဒီအရေးပါတဲ့ အစိတ်အပိုင်း ကိုလျစ်လျူရှု ထားတတ်ကြပါတယ်။ ဒါကြောင့် ဒီလို အလွဲအမှားတွေကို သတိထားနိုင်ဖို့ လိုအပ်ပါတယ်။
Unique Content များမရှိခြင်း
Business တစ်ခုအောင်မြင်လာဖို့ ဆိုရင် လူသိများဖို့လည်း လိုပါတယ်။ သင် Target ထားတဲ့ Topic တစ်ခုကို Audience တွေဟာ တစ်ယောက်နဲ့ တစ်ယောက် လက်ဆင့်ကမ်း ဖြန့်ဝေနေဖို့ ဆိုရင် အရေးပါတဲ့ အချက်ကတော့ အရည်အသွေး ပြည့်မှီတဲ့ Content တွေကိုတော့ မဖြစ်မနေ ဖန်တီးပေးဖို့လိုအပ်ပါတယ်။ ဒီအချက်ကတော့ လွယ်ကူတဲ့ထဲမှာ မပါဝင်တဲ့ အတွက် အသေးစိတ်က အစ သတိထားဖို့ လိုအပ်ပါတယ်။
Quality နှိမ့် Content တွေများနေခြင်း
အင်တာနက်ခေတ်ကြီးထဲမှာ Knowledge တွေကို အကန့်အသတ်မရှိ Research လုပ်နိုင်နေပြီ ဖြစ်တဲ့ အတွက် ကောင်းမွန်တဲ့ Content တွေဖန်တီးဖို့ အခွင့်အလမ်း အများကြီး ရှိပါတယ်။ ဒါပေမဲ့ အဲ့ဒီ ပတ်ဝန်းကျင်မှာ Quality မပြည့်မှီတဲ့ Information တွေ၊ Knowledge တွေ အများကြီးရှိပါတယ်။ Audience ဆီကို ထိုးဖောက်ဖို့ ဆိုရင် Quality က အရမ်းကို အရေးပါပါတယ်။ ဒါကြောင့် သင့် Business မှာအသုံးပြုမယ့် Content ဟာ Quality နှိမ့် Content တွေ ဖြစ်မနေဖို့ လိုအပ်ပါတယ်။ Quality နှိမ့် Content တွေ မဖြစ်လာဖို့ ဆိုရင် Research ကို နှိုက်နှိုက်ချွတ်ချွတ် ပြုလုပ်ဖို့ လိုအပ်တယ်။
ယခု ဖော်ပြပေးခဲ့တဲ့ အချက်တွေကတော့ Content Marketing မှာ သတိထားပြီး ရှောင်ရှားသင့်တဲ့ အလွဲတွေပဲဖြစ်ပါတယ်။