30 Sept 2020
Social Media မှာ Marketing နည်းဗျူဟာတွေအတွက်ပိုမိုကောင်းမွန်တဲ့နည်းလမ်းတွေကိုရှာဖွေချင်တယ် ၊ Follower Engagement တွေပိုကောင်းလာဖို့ Post တင်သင့်တဲ့ အကောင်းဆုံးအချိန်တွေသိလိုတယ်ဆိုရင်တော့ ယခုဖော်ပြမယ့် Infographic တွေဟာအသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။
ယခုဖော်ပြမယ့် အချက်အလက်တွေဟာ Zenesys ရဲ့ Team ကနေ Social Media မှာ Marketing နည်းဗျူဟာတွေအောင်မြင်စေဖို့မျှဝေပေးထားတာပဲဖြစ်ပါတယ်။ သတိထားရမှာကတော့ ယခုဖော်ပြထားသည့်သတင်းအချက်အလက်များသည်ယေုယျအားဖြင့်အကောင်းဆုံး Posting Time များနှင့်သက်ဆိုင်တဲ့အချက်များကိုတင်ပြထားခြင်းဖြစ်ပြီး User Engagement Trend တွေပေါ်မူတည်ကာတင်ပြပေးထားတာဖြစ်ပါတယ်။ သင့်ရဲ့အထူးပြုတဲ့ Community အတွက်အကောင်းဆုံး Post တင်ချိန်ဟာအချို့သောကွဲပြားတဲ့အချက်အလက်တွေပေါ်မူတည်ပြီးခြားနားပါလိမ့်မယ်။
ဒါပေမဲ့လည်းဒီအချက်ဟာ သင့်ရဲ့ Audience Research လုပ်ဖို့ကောင်းသောစတင်ခြင်းဖြစ်ပြီးအခုဖော်ပြမဲ့ Infographic က Guide တွေကို အသုံးချကာ ခေတ်ရေစီးကြောင်းနဲ့ကိုက်ညီမယ့် Posting Schedule ကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်။ ပါဝင်တဲ့ Social Network တွေကတော့ ...
Facebook
Instagram
Twitter
LinkedIn
YouTube တို့ပဲဖြစ်ပါတယ်။