Social Media မှာ Post တွေတင်တဲ့အခါမှာ ကိုယ်တင်လိုက်တဲ့ Post ကို Engagement များများပဲ လိုချင်ကြတာ သဘာဝပါ။ ဒီလိုမျိုး ရလဒ်ကောင်းဖို့ဆိုရင် မိတ်ဆွေတို့အနေနဲ့ ကိုယ်သုံးနေတဲ့ Social Media Platform တွေအကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။ ဒါကတော့ Social Media Platform တွေမှာ သူတို့ရဲ့ Audience များတဲ့ အချိန်တွေရှိပါတယ်။ ဥပမာ – Facebook မှာဘယ်အချိန်တွေ Post တင်ရင် Engagement ဘလိုကောင်းတာမျိုး… အစရှိတဲ့ အချိန်တွေမှာ Post တင်သင့်ပါတယ်။ ဒီတော့ မိတ်ဆွေတို့အတွက် Social Media တွေမှာ Engagement များပြီး Post တင်သင့်တဲ့ အချိန်အပိုင်းအခြားတွေကို ဖော်ပြပေးသွားပါမယ်…

 

လူငယ်အသုံးများတဲ့ နာမည်ကြီး Social Media Platform ဖြစ်တဲ့ Instagram ရဲ့ Post တင်လို့ Engagement များတဲ့အချိန်တွေကတော့ Monday, Wednesday နဲ့ Thursday ပဲဖြစ်ပါတယ်။ ဒီ ၃ ရက်ထဲမှာမှ Wednesday ကတော့ Engagement အကောင်းဆုံးလို့ သိရပါတယ်။ 

 

လူသုံးများတဲ့ နာမည်ကြီး Social Media Platform တစ်ခုဖြစ်တဲ့ Facebook မှာတော့ Thursday, Friday, Saturday, Sunday တွေကတော့ Post တင်တဲ့အခါမှာ Engagement ကောင်းတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ Weekend တွေကတော့ Facebook မှာ Post တင်လို့ အကောင်းဆုံးအချိန်လို့ ပြောလို့ရပါတယ်။ 

 

LinkedIn မှာ Post တင်ဖို့အတွက် Engagement အကောင်းဆုံးအချိန်တွေကတော့ Tuesday, Wednesday, Thursday ပဲဖြစ်ပါတယ်။ LinkedIn ဟာ Recruiter, Salespeople, Businesspeople တွေအသုံးများတဲ့ အတွက် Holiday တွေမှာ Post တင်တဲ့အခါ Engagement ရသင့်သလောက် မရတာမျိုး ဖြစ်တတ်ပါတယ်။ 

 

Twitter မှာ Post တင်လို့ကောင်းတဲ့ အချိန်တွေကတော့ Monday to Friday ပဲဖြစ်ပါတယ်။ ဒီအချိန်တွေထဲမှာမှ Lunch Time မှာတင်တဲ့ Post တွေကတော့ သာမန်အချိန်တင်တဲ့ Post တွေထက် ပိုပြီး Engagement ကောင်းတာကိုတွေ့ရပါတယ်။ 

 

ဒီဖော်ပြခဲ့တဲ့ အချိန်တွေကတော့ သက်ဆိုင်ရာ Social Media တွေမှာ Post တင်တဲ့အခါ Engagement ကောင်းတဲ့ အချိန်တွေပဲ ဖြစ်ပါတယ်။ 

Leave a Reply

social sharing buttons