Digital Marketing လွှမ်းမိုးလာတဲ့ နောက်ပိုင်းမှာ Business တွေကို Social Media Network တော်တော်များများမှာ လုပ်ကိုင်နေကြတာကို တွေ့ရပါတယ်။ Social Media Network တွေထဲမှာတော့ Twitter က Social ပိုကျတဲ့ Network တစ်ခုလို့ ပြောလို့ရပါတယ်။ Social Media Network တွေပေါ်မှာ Image နဲ့ Video တွေကို Like, Share, Tag Account, Live လွှင့်တာတွေကို လုပ်နိုင်ပါတယ်။ Twitter ကကျတော့ Engagement ကို Conversation တွေထဲမှာပါ Engagement ပိုရှာလို့ ကောင်းတဲ့အတွက် အခြား Social Media Network တွေထပ် အနည်းငယ်သာတဲ့ အချက်လို့ပြောလို့ ရပါတယ်။ Twitter ပေါ်မှာ Business စတင်လုပ်ကိုင်မယ့် လုပ်ငန်းတွေ အတွက် ဆန်းသပ်နိုင်ဖို့ အတွက် ဒီအချက်လေးတွေကို မျှဝေပေးချင်ပါတယ်…

– လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Information တွေကို တစ်နေ့ကို ၃ ကြိမ်ဆီ Tweet ပေးပါ။ လုပ်ငန်းနဲ့ပတ်သတ်ပြီး Creative ဖြစ်မယ့် Tweet ပုံစံဖန်တီးပါ

– Notification အားလုံးကို Response သေချာပြန်လုပ်ပေးပါ(ဒီအချက်က တစ်ခါတစ်လေမှာ သတိမထားမိတာတွေ ရှိတတ်လို့ပါ)

– သင့်လုပ်ငန်းရဲ့ Key Message ကို Profile ထိပ်ဆုံးမှာ Pin Tweet လုပ်ထားပေးပါ။

အထက်ပါ အချက်တွေက Twitter မှာ Business စတင်လုပ်ကိုင်မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံအချက်တွေ ဆိုလည်း မမှားပါဘူး။ Twitter ပေါ်မှာ Business လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ Engagement အတွက် အကြံပေးချင်တဲနည်းလမ်း ၃ ခုကတော့…

-Video Content ဖန်တီးခြင်း

Social Media Network တိုင်းပေါ်မှာ Video တွေက နေရာယူထားပြီးသားဆိုတာ သတိထားမိမယ် ထင်ပါတယ်။ ဒါပေမဲ့ ပေါ်မှာတော့ Video Content တွေကို သိပ်များများစားစား မတွေ့ဘူးသေးပါဘူး။ ဒါကြောင့် သင့် Business လုပ်ငန်း အတွက် အခွင့်အလမ်း တွေရှိနေပါသေးတယ်။ Video Content ဖန်တီးဖို့ အတွက်ကတော့ App တော်တော်များများရှိနေပြီးဆိုတော့ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ Image တွေ စကားလုံးတွေကို Creative Idea ကောင်းကောင်းနဲ့ Video Content တွေ ဖန်တီးနိုင်ဖို့ အကြံပြုပါရစေ။

-Twitter Chats တွေကို ဂရုစိုက်ပါ

Twitter Chats တွေကတော့ Target Audience ဆီက Engagement ကို အမြန်ဆုံး Interactive ဖြစ်စေပြီး Business ကို အများဆုံးချဲ့ထွင်နိုင်မယ့် အခွင့်အလန်း ဖြစ်ပါတယ်။ Twitter Chat မှာက လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Audience တွေ စုစည်းတဲ့နေရာ ဖြစ်တဲ့ အတွက် Twitter Chats တွေကို ဂရုစိုက်ဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။

-Trending Hashtags တွေကိုဂရုစိုက်ပါ
Local မှာ ခေတ်စားနေတဲ့ Topic တွေ TV Show တွေနဲ့ Twitter ပေါ်က Trending Hashtag တွေကို စောင့်ကြည့်ပြီး သင့်ရဲ့ Business နဲ့ကိုက်ညီမဲ့ Trending Hashtagsကိုဖန်တီးခြင်း ကသင့်ရဲ့ Business အတွက် ရလဒ်ပိုမိုတိုးတက်လာစေနိုင်ပါတယ်။ ဒါကြောင့် သင့်လုပ်ငန်းနဲ့ ပတ်သတ်တဲ့ Trending Hashtag ကိုသုံးဖို့ အကြံပြုရခြင်း ဖြစ်ပါတယ်။

ယခုအကြံပြုဖော်ပြပေးခဲ့တဲ့ အချက်တွေက Twitter မှာ Business Run တဲ့ အခါမှာ ပြုလုပ်သင့်တဲ့ အချက်လေးတွေဖြစ်ပါတယ်။

Leave a Reply

social sharing buttons