Coronavirus ဟာ လူလူခြင်းကနေကူးစက်စေရုံသာမက အရာဝတ္ထုတွေရဲ့ မျက်နှာပြင်တွေမှာပါ ရှင်ကျန်နေတဲ့ Virus တစ်မျိုးဖြစ်လို့ မိမိနေထိုင်ရာပတ်ဝန်းကျင်မှာ ပိုးကင်းစင်စေရေးအတွက် အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ဒါကြောင့် Coronavirus ကိုကာကွယ်ဖို့ မိမိနေထိုင်ရာ အိမ် သို့မဟုတ် အခန်း စသည်တို့ကို Environmental Cleaning လုပ်တော့မယ်ဆို ပထမဦးစွာ လိုအပ်တဲ့ပစ္စည်းတွေကတော့

1. တစ်ခါသုံးလက်အိတ်

2. Surgical Mask

3. လဲလည်ရန်အဝတ်တစ်စုံ

4. ပလတ်စတစ်အိတ်/အမှိုက်အိတ်

5. တစ်ခါသုံးအဝတ်စ

6. အစွန်းချွတ်ဆေး/ ပိုးသတ်ဆေး

7. လက်ဆွဲရေပုံး

8. ကြမ်းတိုက်တံ MOP တို့ပဲဖြစ်ပါတယ်။

ပထမဦးစွာ လက်ကိုစင်ကြယ်အောင်ဆေးပြီး Mask တပ်ပါ လက်အိတ်ဝတ်ပါ။မျက်နှာကိုလက်နှင့်မထိမိစေရန် အထူးဂရုပြုပါ။

ပိုးသတ်ဆေး အစွန်းချွတ်ဆေးစတာတွေကို သုံးစွဲမဲ့ပမာဏအပေါ်မူတည်ပြီး မိမိသုံးမဲ့ Product ရဲ့အညွှန်းမှာပါတဲ့ အချိုးအစားတိုင်းရောစပ်ပါ။

ပြတင်းပေါက်တွေကိုဖွင့်ထားပါ။လေဝင်လေထွက်ကောင်းဖို့လိုပါတယ်။

လက်ကိုင်ပါတဲ့ ကြမ်းတိုက်တဲ့ Mop နဲ့ ကြမ်းပြင်တစ်ခုလုံးကို ပိုးသတ်ဆေးရည်အသုံးပြုပြီး ရေပုံးထဲကရေဖြင့် ပွတ်တိုက်ဆေးကြောပေးပါ။

အိပ်ရာခင်း စောင် လိုက်ကာစ စတဲ့အဝတ်တွေကို အဝတ်လျှော်ဆပ်ပြာမှုန်နဲ့လျှော်ဖွတ်ပေးပါ။

တစ်ကယ်လို့သင်မိသားစုဝင်ထဲက Coronavirus သံယရှိခံရသူရှိနေပါက အဆိုပါသူအသုံးပြုခဲ့တဲ့ အသုံးအဆောင်တွေကို ပြန်လည်အသုံးမပြုပါနဲ့။

ကြမ်းတိုက်တာကို နှစ်ကြိမ်လောက် လုပ်ပေးပါ။

အသုံးပြုပြီးတဲ့ အဝတ် အမှိုက် စတာတွေကိုပလတ်စတစ်အိတ်နဲ့ နှစ်ထပ်လောက်ထုပ်ပိုးပြီးမှ လွှတ်ပစ်ပါ။

လက်အိတ်ကိုစနစ်တကျချွတ်ပြီး လက်ကိုဆပ်ပြာနဲ့ဆေးကြောပါ။လက်အိတ်ချွတ် လက်ဆေးပြီး Mask ချွတ်ပါ။လက်တစ်ခါထပ်ဆေးပေးပါ။

အသုံးပြုပြီးတဲ့ Mask နဲ့ လက်အိတ်တွေကိုလည်း ပလတ်စတစ်အိတ်နဲ့ နှစ်ထပ်လောက်ထုပ်ပိုးပြီးမှ လွှတ်ပစ်ပါ။အမှိုက်အိတ်တွေကိုချက်ခြင်းစွန့်ပစ်ပါ။

အကုန်ပြီးပါက ရေကိုအမြန်ချိုးပါ။ အဝတ်အစားအသစ်လဲပါ။

အားလုံးပဲ ပိုးမွှားကင်းစင်ပြီး ရောဂါဘယတွေကင်းဝေးပါစေ။

Ref-Nationalenvironmentagency

Leave a Reply

social sharing buttons