Facebook ရဲ့ Research တွေအရဆိုရင်လည်း Facebook Group မှာရတဲ့ Engagement တွေက Facebook Page တွေမှာရတဲ့Engagement ထက်ပိုများတဲ့လို့လဲသိရပါတယ်။ Facebook Group တွေမှာရှိတဲ့ Member တွေဆိုတာကလဲ တူညီတဲ့ Conversation ကြောင့် Group တွေမှာသက်ဆိုင်တဲ့ Business က ပိုပြီး Engagement ရနိုင်တာပဲဖြစ်ပါတယ်။ Group ထဲမှာဆိုရင်တော့ ဝါသနာတူ၊အကြိုက်ခြင်းတူတဲ့ လူတွေစုထားတာဖြစ်တဲ့အတွက်ကြောင့် မိမိ Business နဲ့ပတ်သတ်ထဲ Group ထဲမှာ Run မှသာအဆင်ပြေနိုင်မှာဖြစ်တဲ့အတွက် ဒီတစ်ချက်ကိုတော့ သတိထားသင့်ပါတယ်။

 

Facebook Group တွေကနေ Business Run ခြင်းဟာ Business Value ကိုပိုတိုးသွားစေမဲ့ နည်းလမ်းထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ Facebook Group တွေဟာ Facebook ရဲ့ အရေး ပါတဲ့အစိတ်အပိုင်းထဲကဆိုရင်လည်းမမှားပါဘူး။ Facebook မှာ Business Run နေတယ်ဆိုရင်တော့ Group တွေမှာပါ Strategy ကောင်းကောင်းလေးနဲ့ထပ် Run မယ်ဆိုရင်တော့ပိုပြီး Reach နဲ့ Engagement ကတော်တော်လေးကို ရလဒ်ကောင်းကောင်းတွေရရှိလာပါလိမ့်မယ်။

 

Facebook Group နဲ့ Business တစ်ခု Run တော့မယ်ဆိုရင်တော့ Privacy ကိုတော့ ကိုယ်ကြိုက်သလိုထားနိုင်ပါတယ်။ Public ဖြစ်ဖြစ် Closed Group ဖြစ်ဖြစ်ကိုဆိုလိုတာပါ၊ Group Rules သတ်မှတ်တဲ့နေရာကတော့ အရေးကြီးတဲ့ အပိုင်းတစ်ခုဖြစ်တဲ့အတွက် Rules တွေကို သင့် Business နဲ့သတ်ဆိုင်တဲ့ Rules ဖြစ်အောင်ထားဖို့လိုအပ်ပါတဲ့ Group ထဲဝင်မဲ့လူတွေက သင် Business ကိုစိတ်ဝင်စားတဲ့ လူတွေ Member ဝင်မှာဖြစ်တဲ့အကြောင့်ပါ။ နောက်တစ်ချက်ကတော့ Rules အတိုင်းမလိုက်နာတဲ့ Member တွေကို Group ကနေ Kick ဖို့ဝန်မလေးပါနဲ့ ဘာကြောင့်လဲဆိုရင်တော့ မ Kick ပဲဒီတိုင်းထားမယ်ဆိုရင်တကယ်စိတ်ဝင်စားပြီးရောက်ရှိလာတဲ့ Member တွေကို ဂရုမစိုက်တဲ့ ပုံစံဖြစ်သွားတတ်လို့ပါ၊ တစ်ချို့ Member တွေကပါ Rules ကိုမလိုက်နာတော့ဘူးဆိုရင်တော့သင် Run မဲ့ Business အတွက်ထိခိုက်မှုတွေဖြစ်လာနိုင်ပါတယ်။ Business Run မဲ့ Group ဖြစ်နေတော့ Entertainment Group တွေလိုRules က ပေါ့ဆလိုက်မယ်ဆိုရင် သင့် Business အတွက်နစ်နာမှုတွေဖြစ်နိုင်တဲ့အတွက်ကြောင့် Rules ကိုတင်းတင်းကျပ်ကျပ်ထားဖို့ အကြံပြုပါတယ်။

နောက်တစ်ချက်ကတော့ Post တွေကို အချိန်ချိန်မှန်မှန်တင်ပေးဖို့လည်းလိုအပ်ပါတယ်။ Audience တွေကသူတို့ကို ပိုဂရုစိုက်ပေးတာကိုအရမ်းသဘောကျပါတယ်။ Post တင်တဲ့ အခါမှာလည်း ရံဖန်ရံခါ Audience ကို မေးခွန်းလေးတွေနဲ့ Promote လုပ်ပေးတာတို့၊ Quiz တွေလုပ်ပေးတာတို့နဲ့ Post တင်ပေးမယ်ဆိုရင် Audience ရဲ့ Reach နဲ့ Engagement ကိုရယူနိုင်ပါတယ်။ ဒီလို Audience နဲ့ရင်းနှီးတဲ့ Relationship ကိုတည်ဆောက်နိုင်ပြီး Run နေတဲ့ Business အတွက်ရလဒ်ကောင်းတွေကိုရရှိလာနိုင်ပါတယ်။ဒီလိုနဲ့ သင့်Business အတွက် Audience Communication ကောင်းလာခဲ့မယ်ဆိုရင်တော့ Reach နဲ့ Engagement တက်လာစရာအကြောင်းပဲရှိပါတယ်။ Behavior တူတဲ့ Audience တွေအချင်းချင်း Sharing လုပ်လာမယ်၊ သင့် Business က မှန်မှန်ကန်ကန်နဲ့ Ethic ကောင်းမွန်တယ်ဆိုရင် Audience အသစ်ပါရရှိလာနိုင်ပါတယ်။

 

သင် Business Run နေတဲ့ Facebook Group က ကြီးမားခိုင်ခန့်လာတဲ့ Business Group တစ်ခုဖြစ်လာခဲ့မယ်ဆိုရင်တော့ Facebook Page တွေလို Investment များများမလိုအပ်ပဲ Reach နဲ့ Engagement ကိုရယူနိုင်မှာဖြစ်တဲ့ အတွက် Group ကိုခိုင်မြဲလာအောင်တော့ဂရုတစိုက် Control လုပ်သွားဖို့တော့ လိုအပ်ပါတယ်။

Leave a Reply

social sharing buttons