logo
myanmar
Facebook ပေါ်မှ သင်၏ Browsing History များကို ရှင်းလင်းနိုင်တော့မည်

Facebook ပေါ်မှ သင်၏ Browsing History များကို ရှင်းလင်းနိုင်တော့မည်

07 May 2018

ယခင်တစ်ပတ် Facebook မှ ကျင်းပသော F8 Developer Conference တွင် သင်၏ Browsing History များကို ရှင်းလင်းနိုင်တော့မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဤသည်မှာ အသုံးပြုသူ User များအတွက် Privacy Policy တို့ကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။ Facebook ပေါ်မှ သင်၏ Browsing History များကို ရှင်းလင်းနိုင်တော့မည့် အကြောင်းကို လေ့လာတင်ဆက်လိုက်ပါသည်။


အဆိုပါစာတွင် Facebook မှ User များသည် Privacy ကို မိမိကိုယ်တိုင် ပိုမိုစိတ်ချစွာ ကိုင်တွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်ကြောင်းဆိုသည်။ ယခု Option အရ Browsing History ကို လုံးဝရှင်းလင်းနိုင်မည် ဖြစ်သည်။

“ယနေ့မှာကျွန်တော်တို့မှ ပိုမိုရှင်းလင်းသော Clear History ကို တည်ဆောက်ထားပါတယ်။ ဒီ Feature အရ Web တွေ App တွေ အသုံးပြုထားသော သင့်ရဲ့ Privacy Data တွေကို ဖျက်ပစ်နိုင်မှာဖြစ်တယ်။ သင့် Account နဲ့ ချိတ်ဆက်ထားတာကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်တယ်။” ဟု Facebook မှ ပြောကြားခဲ့သည်။

အဆိုပါ Tools အတွက် လအနည်းငယ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း Policy ပိုင်းဆိုင်ရာတိုးတက်မှုများအတွက် ပညာရှင်များနှင့် ချိတ်ဆက်၍ အကောင်းဆုံးလုပ်ဆောင်သွားမည် ဖြစ်ကြောင်း Facebook ကဆိုသည်။

Ref: Socialmediatoday

Recent posts