ယနေ့ (ဖေဖော်ဝါရီ ၉ ရက်) တွင် Facebook မှ update သတင်းတစ်ခုကို ကြေငြာခဲ့သည်။ အဆိုပါ သတင်းအရ Facebook Page များ၏ Organic Reach Report များမှာ ပုံမှန်အောက် ၂၀% အထိ လျော့ကျနိုင်ကြောင်း သိရသည်။ Organic Reach ဆိုသည်မှာ Facebook အား အခကြေးငွေ မပေးပဲ သဘာဝအတိုင်း ရရှိသော Reach အမျိုးအစား ဖြစ်သည်။
ယင်းကဲ့သို့ ပြောင်းလဲမှုအတွက် ယခုမှ စတင်၍ လုပ်ဆောင်ခြင်း မဟုတ်ပါ။ ၂၀၁၇၊ နိုဝင်ဘာလ ကတည်းက “Reach Counts များအား Viewable Impression များပေါ် တွက်ချက်သွားမည်” ဟု ပြောကြားခဲ့လေသည်။ ယခု ပြောင်းလဲမှုကိုမူ ၂၀၁၈၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှ စတင်၍ လုပ်ဆောင်သွားမည်ဟု သိရသည်။

ယခင်က Organic Reach အား ရေတွက်ပုံမှာ Facebook အသုံးပြုနေသူ၏ Newsfeed ထဲသို့ Post ရောက်သည်နှင့် Reach အရေအတွက် တစ်ခု အဖြစ် သတ်မှတ်သည်။ Facebook အသုံးပြုသူမှ အကြောင်းအမျိုးမျိုးကြောင့် Post အား မမြင်ရသေးသော်လည်း Reach အရေအတွက်များအဖြစ် ရေတွက်ခဲ့လေသည်။

ယခုပြောင်းလဲမှု အသစ်တွင်မူ Facebook အသုံးပြုသူမှ Post အား Screen ပေါ်တွင် မြင်ရမှသာ Reach အရေအတွက် တစ်ခု အဖြစ် ရေတွက်သွားမည်ဖြစ်သည်။ တစ်နည်းအားဖြင့် Post အားမြင်ရလိုက်သောသူ အရေအတွက် စစ်စစ်ကိုသာ Organic Reach အဖြစ် သတ်မှတ် သွားမည်ဖြစ်သည်။

ဤပြောင်းလဲမှုမှာ Organic Reach အတွက် Insight Data ထုတ်ရာတွင်သာ ကိန်းဂဏန်း ပြောင်းလဲခြင်းဖြစ်ပြီး Newsfeed Distribution စနစ်အား ထိခိုက်နိုင်ခြင်း မရှိကြောင်းသိရသည်။

ယခင်က Marketer များ၊ Page Owner များသည် Organic Reach အား Post မြင်ခဲ့သောသူ အရေအတွက်ဟု လွဲမှားစွာ ယူဆခဲ့ရလေသည်။ ထိုသို့ Data အမှားကြောင့် မိမိလုပ်ငန်းအား ဗျူဟာပြောင်းလဲခြင်းများတွင် မှားယွင်းစွာ ဆုံးဖြတ်ချက်ချမိနိုင်လေသည်။ ထို့ကြောင့် အကောင်းဘက်သို့ ဦးတည်သော ပြောင်းလဲမှုတစ်ရပ် အဖြစ်မျှော်လင့်ရမည်ဖြစ်သည်။

ယခုတလောတွင် Page Owner အများစု ကြုံတွေ့နေရသော Organic Reach ကျဆင်းမှု ပြသနာတွင် ဤအချက်သည်လည်း ထည့်သွင်းစဉ်းစားသင့်သော အချက်တစ်ချက်ဖြစ်လေသည်။ မိမိရောက်စေချင်သော Audience ၏ Newsfeed ထံသို့ အမှန်တကယ် မရောက်ရှိခြင်းဖြစ်နိုင်သလို Newsfeed ထံရောက်ရှိပြီး Screen ပေါ်တွင် မကြည့်မိခြင်းလည်း ဖြစ်နိုင်ကြောင်း ထည့်သွင်းစဉ်းစားသင့်ပေသည်။

Ref: Facebook Business

social sharing buttons