ယခုတလော Facebook လူမှုကွန်ယက်မှာ Facebook စည်းမျဉ်းချိုးဖောက်တာတွေ အများအပြားတွေ့ရပါတယ်။ Facebook သုံးသူတွေကို ခြိမ်းခြောက်တာ၊ အနိုင်ကျင့်တာ၊ အသက်မပြည့်သေးသူတွေကို လိင်ကိစ္စနဲ့ပတ်သက်ပြီး ဖျားယောင်းသွေးဆောင်တာ စတဲ့ စည်းကမ်းချိုးဖောက်မှုများ ပြုလုပ်နေကြတာကို တွေ့ရပါတယ်။ အဲဒါကြောင့် Facebook စည်းမျဉ်းချိုးဖောက်သူတွေကို ဘယ်လိုတိုင်ကြားမလဲဆိုတာကို လေ့လာတင်ဆက်လိုက်ပါတယ်။
ယခုတင်ဆက်ပေးတဲ့ အကြောင်းအရာကို Facebook ရဲ့ တရားဝင် Page ဖြစ်တဲ့ Facebook Safety မှ ကောက်နှုတ်တင်ဆက်ပေးတာ ဖြစ်ပါတယ်။ Facebook ရဲ့ပြောကြားချက်အရ စည်းမျဉ်းချိုးဖောက်တဲ့ အကြောင်းအရာ အားလုံးကို တိုင်ကြားနိုင်ပါတယ်။ တိုင်ကြားချက်အားလုံးကို အမည်လျှို့ဝှက်ထားမည် ဖြစ်ပြီး မူဝါဒတွေကို ချိုးဖောက်သည်မှန်သမျှကို ဖယ်ရှားသွားမှာ ဖြစ်ပါတယ်။
တိုင်ကြားနည်းများကို သိနားလည်ရန် ဤနေရာကို နှိပ်ပါ။
ပိုမိုလုံခြုံစိတ်ချရတဲ့ Facebook အတွေ့အကြုံရရှိစေဖို့ ဤနေရာကို နှိပ်ပါ။
Ref: Facebook Safety