logo
myanmar
CatchUp ဆိုတဲ့ ခြောက်ခုမြောက် Application ကို Facebook Launche လုပ်ခဲ့

CatchUp ဆိုတဲ့ ခြောက်ခုမြောက် Application ကို Facebook Launche လုပ်ခဲ့

28 May 2020

Facebook ရဲ့ NPE team က ခြောက်ခုမြောက် Application အနေနဲ့ CatchUp ဆိုတဲ့ Application အသစ်တစ်ခုကို ထုတ်ဖော်ပြသခဲ့ပါတယ်။ဒီ Application အသစ်မှာတော့ မိတ်ဆွေသူငယ်ချင်းများအကြား ဖုန်းခေါ်ဆိုမှုလွယ်ကူစေရန် Focus လုပ်ထားပါတယ်။

ဒီ CatchUp Application အသစ်သည်အခြေခံအားဖြင့် Voice call များအတွက် Messenger Rooms ဖြစ်ပြီး သင်၏သူငယ်ချင်းများ Online တွင်ရှိမရှိဖော်ပြပေးပြီး ဖုန်းခေါ်ဆိုမှုအတွက်အဆင်သင့်ဖြစ်နေတဲ့သူတွေကိုလည်း သိနိုင်ပါတယ်။ Ready ဖြစ်နေတဲ့သူတွေနဲ့ Voice Call ပြောနိုင်တဲ့အပြင် Group Chat ပါလုပ်နိုင်ပါတယ်။ CatchUp ဟာ Group Call အတွက်အဆင်ပြေလွယ်ကူတဲ့ Application တစ်ခုဖြစ်ပြီး Group Call အတွက်ဘယ်သူကပြောဖို့အဆင်သင့်ဖြစ်နေလဲ တစ်ယောက်ယောက်နဲ့ ပြောဖို့ကြိုတင်စီစဥ်စရာမလိုတော့ပဲ အချိန်မရွေးပြောနိုင်တဲ့ Application အနေနဲ့ ပြုလုပ်ထားတယ်လို့ဆိုပါတယ်။

User တွေဟာ App ထဲမှာ စကားပြောရန် အဆင်သင့်ဖြစ်မဖြစ်ကို Connections တွေကို အသိပေးဖော်ပြနိုင်ပြီး သူတို့နဲ့အတူ Group Chat ကိုဖန်တီးနိုင်ပါတယ်။ Bluetooth မှတဆင့်ချိတ်ဆက်တဲ့အခါမှာလည်း “auto-availability” ဆိုတဲ့ function ကနေတစ်ဆင့်အလိုအလျောက် Update status ပြပေးမှာဖြစ်ပါတယ်။

တစ်ကယ်တမ်းတော့ ရိုးရှင်းတဲ့ Application ပါပဲ။ Messenger မှာလို ဘယ်သူတွေ Active Now ဖြစ်နေလဲသိနိုင်မယ်။Messenger Rooms မှာလိုပဲ Group Discussion တွေကိုအလွယ်တကူ Join နိုင်မှာပဲဖြစ်ပါတယ်။

ဒီ App ကို iOS ရော Android အတွက်ပါ US မှာစမ်းသပ်နေပါတယ်။

Recent posts