Facebook ဟာ User တွေအတွက် အကျိုးရှိမဲ့ Setting လေးကိုထည့်သွင်းခဲ့ပါတယ်။အဲ့ဒီ Setting လေးကဘာလဲဆိုတော့ User တွေဟာ Facebook သုံးတဲ့အချိန်ကိုစီမံခန့်ခွဲနိုင်မှာပဲဖြစ်ပါတယ်။ ဘယ်လိုခန့်ခွဲနိုင်မလဲဆိုတာကတော့ User တစ်ယောက်ဟာ Facebook သုံးနေပြီဆိုရင် အချိန်ကိုသတိမထားဖြစ်တတ်ပါတယ်.ဒီတော့အချိန်တွေလွန်ပြီး မိမိလုပ်စရာရှိတဲ့ လုပ်ငန်းကိစ္စ.စသည်ဖြင့် နစ်နာမှုအနည်းနဲ့ အများတော့ဖြစ်သွားနိုင်ပါတယ်။ အခုဖော်ပြတဲ့ Setting လေးမှာတော့အထက်ပါ ပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါတယ်.သူတို့ကတော့ Manage Your Time နဲ့ Manage Your Notifications ဆိုတာပဲဖြစ်ပါတယ်။

Manage Your Time မှာဆိုရင်သင့်ရဲ့ Facebook သုံးတဲ့အချိန်ကို မိမိလိုသလောက်ချိန်ညှိနိုင်ပါတယ်။ ဒီအချက်လေးကတော့ သင့်ကို Remind လုပ်ပေးမှာဖြစ်ပါတယ်။ သင့် Facebook ကို (၁) နာရီသုံးမယ်ဆိုရင် (၁) နာရီဆိုပြီး ချိန်ထားလို့ရပါတယ်။ ဒီလိုချိန်ထားပေးမယ်ဆိုရင် သင် Facebook သုံးတာ (၁) နာရီပြည့်သွားပြီးဆိုရင်တော့ သင့်ကို Remind လုပ်ပေးမှာဖြစ်ပါတယ်။ ဒီအချက်လေးကြောင့် အချိန်လွန်သွားတာတွေ စတဲ့ ပြဿနာတွေကို သတိထားနိုင်တဲ့အချက်လေးဖြစ်ပါတယ်။

နောက်တစ်ချက်ကလည်းအထက်ပါနည်းတူပါပဲ။ သူကတော့ Manage Your Notifications ပဲဖြစ်ပါတယ်၊ဒီအချက်လေးကလည်းအထက်ပါအချက်နည်းတူပါပဲ.. Notifications လာတာတွေကို အချိန်သတ်မှတ်ထားလို့ရပါတယ်။ Notification Off တာနဲ့ မတူပါဘူး၊ Notification Off တာက Post တစ်ခုကိုပဲပိတ်ထားလို့ရတာပါ. Manage Your Notifications ကတော့ ကိုယ် Facebook အသုံးပြုနေတဲ့အချိန်မှာ (၁၅) မိနစ်ကနေ(၈) နာရီအထိ Notification တွေပိတ်ထားလို့ရပါတယ်။

ဒီ Setting လေးက User တွေအတွက်အမှန်တကယ် အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်။

Ref – socialmediatoday

Leave a Reply

social sharing buttons