
အားလုံးသိတဲ့အတိုင်း Facebook သည် Hyper Targeted ကြော်ငြာများအတွက် အဓိကအား သာချက်တစ်ခုဖြစ်သော်လည်း Facebook ဟာ ရွေးချယ်အသုံးပြုမှုနည်းသော Ad Target ၁၀၀၀ ကျော်ကိုဖယ်ရှားလိမ့်မည်ဟုကြေငြာခဲ့ပါတယ်။
Facebook ရဲ့ပြောကြားချက်အရ Targeting Option တွေကို လွယ်ကူချောမွေ့စေရန် အတွက် ၎င်းတို့ရဲ့ အားထုတ်ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းအနေနှင့် အချို့သော အရွယ်အစားအစုံ နယ်ပယ်အစုံမှာ Advertisers တွေ ပစ်မှတ်ထားခဲသော Targeted Ads များကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲ့ Ads တွေဟာ မလိုအပ်သောကြောင့် ဒါမှမဟုတ် အသုံးမပြုနိုင်သောကြောင့်ဖြစ်နိုင်ပြီး ဒါကြောင့် ဒီရွေးချယ်မှုအချို့ကိုဖယ်ရှားပစ်လိုက်တယ်လို့ဆိုထားပါတယ်။