မြန်မာနိုင်ငံတွင်လတ်တလောဖြစ်ပွားနေသော အခြေအနေများအရ Facebook က သူ့ရဲ့လုံခြုံမှုစနစ်အသစ်တစ်ခုကိုစတင်လိုက်မိတ်ဆက်လိုက်ပါတယ်။ Facebook ကိုအသုံးပြုသူများအားဘေးကင်းလုံခြုံစေရန်နောက်ထပ်နည်းလမ်းများကိုအဆက်မပြတ်ရှာဖွေနေပြီး လူအများထုတ်ဖော်ပြောဆိုရန်အတွက်လုံခြုံစိတ်ချရသော Platform တစ်ခုပေးရန် ကတိပြုထားတဲ့အတိုင်း မြန်မာနိုင်ငံတွင်အသုံးပြုသူများရဲ့ ကိုယ်ရေးအချက်အလက်များကို ပိုမိုကာကွယ်နိုင်ရန်အတွက် ဒီ ” Lock Profile ” တစ်နည်းအားဖြင့် “ကိုယ်ရေးမှတ်တမ်းပိတ်ထားခြင်း” ဆိုတဲ့ Feature ကိုမိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်။
ဒီ Feature ကိုလွယ်ကူစွာအသုံးပြုနိုင်ပါတယ်
ပထမဆုံး Setting ကိုဝင်ပါ။Privacy Setting ရဲ့အောက်မှာ”ကိုယ်​ရေးမှတ်တမ်းပိတ်ထားခြင်း” ဆိုတာကို မြန်မာစာနဲ့တွေ့ရပါလိမ့်မယ်။
နှိပ်လိုက်မယ်ဆိုရင် “သင့် ကိုယ်​ရေးမှတ်တမ်းကို ပိတ်ထားရန် ” ဆိုပြီး အသေးစိတ်ဖော်ပြထားပါလိမ့်မယ်။ထပ်နှိပ်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့ Profile မှာတင်ထားသမျှ Post တွေ Photo တွေနဲ့ အခြားကိုယ်ရေးအချက်အလက်တွေကို Friend မဟုတ်တဲ့တခြားသူ​တွေ မမြင်ရ​တော့ပါဘူး။
Public အ​နေနဲ့လည်း ပြန်​ပြောင်းချင်ရင်လည်း အပေါ်ကပိတ်ခဲ့တဲ့နေရာပဲ ပြန်သွားပြီး “ပြန်ဖွင့်ရန်” ကိုနှိပ်ပြီးပြန်ဖွင့်လို့ရပါတယ်။
ဒီ Features ကအရင် Limited Past Posts လုပ်လိုက်ရင် Public တင်ထားတဲ့ Posts တွေ Friend Only ပြောင်းသွားတဲ့ Feature နဲ့အလားတူပါပဲ။ဒါပေမဲ့ အခု Feature က မြန်မာလိုလဲဖော်ပြပေးထားတဲ့ အပြင် တစ်ဆင့်ထဲလုပ်ရတာမလို့ မြန်မာနိုင်ငံကအသုံးပြုသူ User တွေအတွက်ပိုမိုလွယ်ကူစေပါတယ်။
ကိုယ့်ရဲ့ Facebook Account ကို Safe ဖြစ်ဖြစ်နဲ့အသုံးပြုချင်ပြီး Friend မဟုတ်တဲ့သူတွေကိုမမြင်စေချင်ဘူးဆိုရင်တော့ ဒီ Feature လေးကအတော်အဆင်ပြေစေပါတယ်။အားလုံးပဲအဆင်ပြေဘေးကင်းကြပါစေ။

Leave a Reply

social sharing buttons