အကြီးစား Social Media Platform တစ်ခုဖြစ်တဲ့ Facebook ဟာဆိုရင် Stories Layout ကိုအရင်ကလိုပုံ စံမဟုတ်ပဲ Layout ပုံစံအသစ်နဲ့ ထွက်ရှိဖို့အတွက် စမ်းသပ်မှုတွေပြုလုပ်နေပြီလို့သိရှိရပါတယ်။ အရင်ပုံစံက Facebook Newsfeed ရဲ့ အပေါ်ဆုံးနေရာမှာ Area ကျဉ်းကျဉ်းနဲ့ Facebook Stories တွေကိုတွေ့ရှိရပါတယ်။ ယခု အခါမှာတော့ Facebook က Stories တွေကို Layout ပုံစံပြောင်းဖို့ စမ်းနေတဲ့ စမ်းသပ်ချက်မှာတော့ Facebook Newsfeed ရဲ့ ပထမဆုံး Post လာတဲ့နေရာမှာ Area ကျယ်ကျယ်နဲ့ Stories တွေကိုမြင်ရဖို့ပဲဖြစ်ပါတယ်။
Facebook ရဲ့ တွေ့ရှိချက်တွေအရ နောက်ဆုံးလမှာ Facebook နဲ့ Messenger Stories တွေကို Users 300 Million ဟာနေ့စဉ် ကြည့်ရှုခဲ့တယ်လို့သိရှိရပါတယ်။ Social Media Marketing နဲ့ လုပ်ငန်းလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေ၊ လုပ်ငန်းရှင်တွေအနေနဲ့ လည်း မိမိရဲ့ Trend ဖြစ်နေတဲ့ Product တွေကို ဆန်းသစ်တဲ့ပုံစံတစ်မျိုးနဲ့ Stories တွေမှာပါ ကြော်ငြာခြင်းပြုလုပ်ခဲ့တယ်ဆိုရင် ဒီလာမယ့် Facebook Stories Layout ပုံစံ အသစ်က ကောင်းမွန်တဲ့ရလဒ်ကောင်းတွေကိုဖြစ်ပေါ်လာစေမှာပါ။ Users တွေအတွက် ဆန်းသစ်တဲ့အမြင်နဲ့ Facebook Stories Layout ကိုတွေ့ရှိရမှာဖြစ်တဲ့ အတွက် Facebook Stories Users တွေလည်း ပိုမိုများပြားလာနိုင်ဖွယ်ရှိပါတယ်။ ဒီတော့ ဒီစမ်းသပ်မှုကို Facebook က Update ဘယ်နေ့ပေးမလဲဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပဲဖြစ်ပါတယ်။
Ref – socialmediatoday