23 Mar 2021
ဒီတစ်ခေါက်မှာတော့ Facebook ကသူရဲ့ Stories မှာရှိတဲ့ Function များစွာထဲမှာ User တွေအတွက် Creative ဖြစ်ဖြစ် ဖန်တီးမှုတွေ ထပ်မံပြုလုပ်နိုင်ဖို့ ‘Green Screen’ ဆိုတဲ့ Function သစ်ကို ထုတ်ပေးဖို့ စမ်းသပ်နေပါပြီ။
ဒီ ‘Green Screen’ ဆိုတဲ့ Tool နဲ့ သဏ္ဍာန်တူတဲ့ Tool တွေကတော့ Instagram နဲ့ TikTok တို့မှာ ရှိပါတယ်။ ဒါပေမယ့် Facebook ပဲသုံးရတာပဲ ကြိုက်တယ်ဆိုတော့ သူတွေအတွက်တော့ ဒီ ‘Green Screen’ ကို မကြာခင်မှာပဲ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင် Idea တွေ ဒါမှမဟုတ် အခြားသူရဲ့ Idea ကိုပဲ ကိုးကားပြီး Green Screen ဖောက်ပြီး Creation တွေ ဖန်တီးပြီး Stories တင်မယ်ဆိုရင် သင့်အတွက်ပိုပြီး ထိရောက်တဲ့ Stories တွေ ဖြစ်လာနိုင်ပါတယ်။
ဒီ ‘Green Screen’ ကို Facebook Stories မှာ တင်နိုင်ပြီဆိုရင် ဆန်းသစ်တဲ့ Creation တွေ များစွာတွေ မြင်လာနိုင်မှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေ အနေနဲ့လည်း Product တွေ Service တွေကို Stories အသုံးပြုပြီး Promote လုပ်တဲ့ အခါမှာ Audience တွေဆီကိုပိုပြီး ထိထိရောက်ရောက် ထိုးဖောက်နိုင်မယ့် နည်းလမ်းတွေ ဖြစ်လာနိုင်ပါတယ်။ Stories တင်ရတာ ဝါသနာပါတဲ့ သူငယ်ချင်း မိတ်ဆွေတွေရှိရင် ဒီ စမ်းသပ်နေတဲ့ ‘Green Screen’ အကြောင်းကို ဝေမျှပေးနိုင်ပါတယ်။