23 Apr 2019
လေ့လာတွေရှိရတဲ့ Facebook Report တွေ အရ Facebook ဟာ News Feed Post တွေမှာ အသုံးပြုနိုင်မဲ့ ထူးခြားဆန်းပြားတဲ့ Text Effect တွေကို စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။ User တွေကို Facebook Update တွေနဲ့ အတူ Creative ဖြစ်တဲ့ Post တွေကို ဆန်းပြားတဲ့ Text Effect တွေနဲ့ အသုံးပြုစေချင်တဲ့ သဘောလို့လည်း ပြောနိုင်ပါတယ်။ စမ်းသပ်နေတဲ့ Text Effect Option (၅) ခုကိုလည်း ဖော်ပြပေးသွားပါမယ်…
1. Fancy
2. Simple
3. Clean
4. Headline
5. Casual
User တွေအတွက် ဒီ Text Effect Option နဲ့ Post တွေတင်တာက Facebook Story Post တွေမှာ ပိုပြီး Effective ဖြစ်ပြီး အမြင်အာရုံမှာပါ ပိုမိုစွဲမက်နေမယ်လို့ ခန့်မှန်းနိုင်ပါတယ်။ လူငယ် User တွေ တော်တော်များများက နေ့စဉ် News Feed Post တင်တာထက် Story Post တွေကိုသာ ပိုပြီး တင်ကြတာကို တွေ့ရှိရ
ပါတယ်။ Post တင်ရမှာ လည်း Colorful Background ကို ရွေးချယ်ပြီး Text Effect Option ဆန်းဆန်းတွေနဲ့ သာတင်လိုက်မယ် ဆိုရင်တော့ Impression ကောင်းတွေရရှိမှာ အမှန်ပါ။
ဒီ စမ်းသပ်ချက်သာ Update တစ်ခု အနေနဲ့ ထွက်ရှိခဲ့မယ်ဆိုရင် News Feed Post တွေနဲ့Myday Crazy တွေအတွက် ပိုအဆင်ပြေပြီး ဆန်းသစ်တဲ့ Post တွေဖန်တီးနိုင်လာနိုင်မှာပဲ ဖြစ်ပါတယ်။
Ref - scocialmediatoday